သရုပ်ဆောင် အေးဝတ်ရည်သောင်းက ဒီနှစ်အကယ်ဒမီအတွက် သူမကို အကယ်ဒမီမှန်း ပေးတဲ့ သက်မွန်မြင့်ကို ကျေးဇူးတင်တယ်လို့ပြောလာပါတယ်။

သရုပ်ဆောင် အေးဝတ်ရည်သောင်း ပါဝင်သရုပ်ဆောင်ထားတဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးဟာ ပရိသတ်တွေရဲ့ အားပေးနှစ်သက်ခြင်းကို များစွာခံထားရသလို အကယ်ဒမီ စကာတင်စာရင်းမှာလည်း ပါဝင်နေတာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး သရုပ်ဆောင် အေးဝတ်ရည်သောင်းကို ပရိသတ်တွေသာမက အနုပညာလောကသားတွေကပါ အကယ်ဒမီမှန်းနေကြပါတယ်။ သရုပ်ဆောင် သက်မွန်မြင့်ကလည်း အေးဝတ်ရည်သောင်းကို အကယ်ဒမီရစေချင်တဲ့ အပေါ်မှာ အေးဝတ်ရည်သောင်းက အခုလိုပဲပြောလာပါတယ်။
“သက်မွန်က ပေါက်စီ အရမ်းချစ်တဲ့ မင်းသမီးထဲမှာပါတယ်ပေါ့နော်။ အဲ့အတွက်ကြောင့်မို့ သူခန့်မှန်းပေးတာ အရမ်းပျော်တယ်။ တွေ့ရင်လည်း သက်မွန်ကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ နောက်ပြီးတော့ ချစ်သက်လေးကိုလည်းရစေချင်တယ်။ ပေါက်စီက ကိုယ်ချစ်တဲ့ သူတွေအကုန်လုံးကိုရစေချင်တယ်။ အပြန်အလှန်ပေါ့ တစ်ဦးမေတ္တာတစ်ဦး။ အဲ့လိုမျိုးတွေ ပေါက်စီကို အချင်းချင်းလည်း အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အသိအမှတ်ပြုပေးတဲ့အတွက်” လို့ ပြောပါတယ်။
အကယ်ဒမီပေးပွဲကြီးက နီးကပ်လာတာနဲ့အမျှ အနုပညာရှင်တွေရဲ့ ရင်ခုန်သံတွေကလည်း ပြင်းထန်လာပါတယ်။ ပရိသတ်တွေ ခန့်မှန်းထားသလို အေးသောင်းလေးလည်း ရပါစေလို့ Channel X မှ ဆုတောင်းပေးလိုက်ပါတယ်။

Related