သရုပ်ဆောင် အောင်ရဲလင်းက အကယ်ဒမီနဲ့ပတ်သက်ပြီး သူခံယူထားတဲ့ စိတ်သဘောထားကို ပြောပြလာပါတယ်။

အခုနောက်ပိုင်းမှာ သရုပ်ဆောင် အောင်ရဲလင်းကို အရင်က အောင်ရဲလင်း ပုံစံနဲ့ကွဲထွက်လာတာကို တွေ့မြင်ရပါတယ်။ Simple, Free Image and File Hosting at MediaFire
ဖက်ရှင်ပိုင်းသာမက သရုပ်ဆောင်ပိုင်းမှာပါ ကွဲပြားမှုရှိလာတာကိုလည်း တွေ့ရပါတယ်။ မကြာခင် ကျင်းပပြုလုပ်တော့မယ့် အကယ်ဒမီရွေးပွဲမှာလည်း အောင်ရဲလင်း ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကား (၂) ကားဟာ အကယ်ဒမီ စကာတင်စရင်းထဲမှာ ပါဝင်နေပါတယ်။ အောင်ရဲလင်းက အကယ်ဒမီအပေါ် သူခံယူထားတဲ့ စိတ်သဘောထားနဲ့ ပတ်သက်လို့ Channel X Online TV ရဲ့မေးမြန်းမှုမှာ အခုလိုပဲပြောပါတယ်။
“ရကံပါရင် ရမှာပေါ့ဗျာ။ မမျှော်လင့်ထားတဲ့လူတွေလည်းရရင် ရသွားနိုင်တာပဲ။ မျှော်လင့်ထားပြီးတော့ မရတဲ့သူတွေလည်းအများကြီးရှိတယ်။ အဓိကက ကံပဲ။ ဒီအချိန်မှာ ဒီဟာရရမယ့် ကံပါလာရင် ရမှာပဲ။ ဒါကျွန်တော်တွေးတဲ့ အတွေးပေါ့။ ကျွန်တော်ဒီလိုပဲတွေးပါတယ်။ ဒီတစ်သက်လုံးရကံမပါရင်လည်း ကျွန်တော်ဘယ်လောက်ကြိုးစားကြိုးစား ရမှာမဟုတ်ဘူး။ ဒါကြောင့် အဲ့အတွက်မျှော်လင့်ချက်မျိုး ကျွန်တော့မှာ မထားဘူး။ ကျွန်တော့်ရဲ့ မျှော်လင့်တာတစ်ခုက ကျွန်တော်ရိုက်တဲ့ ကားတွေထဲမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ဖို့ရယ်။ နောက်တစ်ခုက ဇာတ်ကားထွက်လာတဲ့အခါကျရင် ပရိသတ်တွေ ကြိုက်ဖို့ရယ်။ အဓိကက ဒါပါပဲ။ ကျန်တာက ကံတွေပေါ့။ ဒါပါပဲ ခင်ဗျ။” လို့ အောင်ရဲလင်းကပြောပါတယ်။
Simple, Free Image and File Hosting at MediaFire
လက်ရှိမှာ အောင်ရဲလင်းက အိချောပို၊ အေးမြတ်သူ၊ မေမြင့်မိုရ် တို့နဲ့ တောင်ကြီးမှာ ဇာတ်ကားရိုက်ကူး နေတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ အောင်ရဲလင်းက သုံးကိုယ်ခွဲသရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ အကောင်းဆုံးကြိုးစားထားတဲ့အတွက် ထွက်လာရင်လည်း ပရိသတ်တွေကြိုက်ကြ လိမ့်မယ်လို့ မျှော်လင့်မိပါတယ်ဆိုပြီးလည်း ပြောထားပါသေးတယ်။

Related