Myanmar Idol Season (1) အဖွဲ့ဝင်တွေဖြစ်တဲ့ မေကြည်၊ အောင်ပြည့်ထွန်း နဲ့ အောင်တေဇာကျော် တို့အနုပညာမောင်နှမ (၃) ယောက်သီဆိုထားတဲ့ သီချင်းအသစ်လေးထွက်ရှိလာပါတယ်။

မေကြည်၊ အောင်ပြည့်ထွန်း နဲ့ အောင်တေဇာကျော်တို့ဟာ “မျှော်” လို့အမည်ပေးထားတဲ့ အချစ်သီချင်းလေးတစ်ပုဒ် ဖန်တီးသီဆိုထားပါတယ်။ သူတို့ (၃) ဦးလုံးဟာ Myanmar Idol Season (1) ပြီးကတည်းက အနုပညာအလုပ်တွေဆက်လက်လုပ်ကိုင်ပြီး အောင်မြင်မှုကိုယ်စီရထားတဲ့ သူတွေဆိုရင်လည်း မမှားပါဘူး။ အခုဆိုရင် မေကြည်၊ အောင်ပြည့်ထွန်း နဲ့ အောင်တေဇာကျော် တို့သီဆိုထားတဲ့သီချင်းလေးကို ပရိသတ်တွေနှစ်သက်အားပေးကြတာကိုလည်းတွေ့ရပါတယ်။ “မျှော်” သီချင်းလေးရဲ့ အဓိပါ္ပယ်ကတော့ ကိုယ်ချစ်ရတဲ့သူတစ်ယောက်ကို အနီးနားလေးမှာပဲ ရှိနေပါလျက်နဲ့
ကိုယ့်ရင်ခွင်ထဲ မရောက်လာနိုင်သေးပဲ 'မျှော်' ပြီးရင်း 'မျှော်' နေရတဲ့ခံစားချက်မျိုး ရှိနေမယ့်ချစ်သူတွေ အတွက်ရည်ရွယ်ပြီး ရေးစပ်ထားတဲ့သီချင်းလေးပါ။ စာသားတွေရော သံစဉ်ကပါ လိုက်ပါစီးမျော လို့ကောင်းတဲ့သီချင်းဖြစ်တာကြောင့် မေကြည်၊ အောင်ပြည့်ထွန်း နဲ့ အောင်တေဇာကျော်တို့ရဲ့ “မျှော်” သီချင်းလေးကို Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Related