သရုပ်ဆောင် ခိုင်နှင်းေ၀ ဒီကနေ့ မတ်လ (၁၄) ရက်နေ့မှာကျရောက်တဲ့ သူမရဲ့မွေးနေ့အတွက် အလှူအတန်းတွေများစွာ ပြုလုပ်ခဲ့ပါတယ်။

သရုပ်ဆောင် ခိုင်နှင်းဝေက ချစ်တဲ့အနုပညာအလုပ်တွေလည်းလုပ်သလို ပရဟိတလုပ်ငန်း တွေကိုလည်းစွမ်းစွမ်းတမံ တာဝန်ကျေစွာ လုပ်ဆောင်ဆောင်နေသူ တစ်ဦးပါ။ ချစ်တဲ့ ပရိသတ်တွေက ပရဟိတ မင်းသမီးလေးကို တင်စားခေါ်ကြတဲ့ သရုပ်ဆောင်ခိုင်နှင်းဝေဟာ အခုဆိုရင် သူမရဲ့မွေးနေ့ အလှူအဖြစ် တစ်နေ့ထဲမှာပဲ အလှူအတန်း (၃) ခု ပြုလုပ်ခဲ့ပါတယ်။ ပထမဦးဆုံးအလှူအနေနဲ့ မနက်အစောပိုင်းက သူမရဲ့ Fan တွေက ရွှေတိဂုံဘုရားမှာ ပန်းစေတီ၊ သစ်သီး (၂၀၅) လုံး နဲ့ သံဃာတော်များအတွက် ယပ်တောင်နဲ့ အနေကထိုင်တို့ကို သူမကိုယ်တိုင် လှူဒါန်းဖို့အတွက် ပြင်ဆင်ပေးခဲ့ပါတယ်။ ဒုတိယအလှူအနေနဲ့ ဘုရားကအပြန် သူမရဲ့အိမ်ရှေ့မှာ တကယ်လိုအပ်နေတဲ့ စက်ချုပ်သမလေးတွေကို အပ်ချုပ်စက် (၂၁) လုံး လှူဒါန်းခဲ့ပါတယ်။ တတိယအလှူအနေနဲ့ကတော့ ဘဝအတွက် ရုံးကန်နေရတဲ့ လက်လုပ်လက်စား မသန်စွမ်းများကို ခြေထောက်အတုများလှူဒါန်းပေးခဲ့ ပါတယ်။ မွန်မြတ်လှတဲ့ နှလုံးသားရှိတဲ့ ခိုင်နှင်းဝေအတွက် ဒီကနေ့ မွေးနေ့လေးဟာ အလှူအတန်းတွေနဲ့ အလွန်သာယာကြည်နူးဖွယ်ကောင်းလှပါတယ်။ ခိုင်နှင်းဝေရဲ့ မွေးနေ့ အလှူအတန်းတွေကို Channel X ပရိသတ်တွေလည်း သာဓုခေါ်လို့ရအောင် ပြန်လည်ဖော်ပြ ပေးလိုက်ပါတယ်။
Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire

Related