သရုပ်ဆောင် မေမြင့်မိုရ် က စတော်ဘယ်ရီခြံထဲမှာ စတော်ဘယ်ရီသီးလေးတွေခူးနေတဲ့ ဗီဒီယိုကိုတင်ထားခဲ့ပါတယ်။

MRTV 4 ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေအချစ်ကိုအပိုင်သိမ်းထားတဲ့ မင်းသမီးချောလေး မေမြင့်မိုရ် ကတော့ လက်ရှိမှာ ရိုက်ကူးရေးနဲ့ ရှမ်းပြည်ရောက်ရှိနေတာကို တွေ့ရပါတယ်။ မေမြင့်မိုရ်က သူမရဲ့ လှပကျော့ရှင်းတဲ့ အမူအရာလေးတွေနဲ့ အမြဲလိုလို ပရိသတ်တွေကို ဖမ်းစားနေပါတယ်။ အခုဆိုရင်လည်း သူမက စတော်ဘယ်ရီခြံထဲမှာ စတော်ဘယ်ရီသီးလေးတွေ ခူးနေတဲ့ ဗီဒီယိုလေး ကိုသူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာတင်ထားခဲ့ပါတယ်။ စတော်ဘယ်ရီသီးလေးတွေနဲ့ အပြိုင် အရမ်းချစ်ဖို့ကောင်းတဲ့ အမူအရာလေးတွေကြောင့် ပုရိသ ပရိသတ်တွေကလည်း သူမနမ်းရှုံ့လိုက်တဲ့ စတော်ဘယ်ရီသီးလေးတွေ ဖြစ်ချင်နေပါပြီ။ အဲ့တော့ မေမြင့်မိုရ်တစ်ယောက် အရမ်းချစ်ဖို့ကောင်းနေတဲ့ ဗီဒီယိုလေးကို Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Related