သရုပ်ဆောင် ဟိန်းဝေယံ နဲ့ ရတနာမိုင် တို့ဟာ “ချစ်ခြင်းအလင်္ကာ” ဇာတ်ကားကို ရိုက်ကူးနေကြတာပဲ ဖြစ်ပါတယ်။

“ချစ်ခြင်းအလင်္ကာ” ဇာတ်ကားလေးဟာ ရုပ်ရှင်လောကမှာ မြင်တွေ့ရခဲတဲ့ အနုပညာမောင်နှမနှစ်ဦးကို အတူတွေ့မြင်ရမယ့် ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ လက်ရှိမှာ ရတနာမိုင်ဟာ ဂီတလောကမှာ အောင်မြင်မှု တစ်နေရာရထားသလို အရင်က ဇာတ်ကားတစ်ချို့မှာလည်း ပါဝင်သရုပ်ဆောင်ဖူးသူ ဖြစ်ပါတယ်။ ရုပ်ရှင်လောကနဲ့ အနေဝေးနေတဲ့ သူမအတွက်တော့ ဒီဇာတ်ကားလေးဟာ အောင်မြင်မှုတွေထပ်လောင်း ပေးစွမ်းဦးမယ်လို့ ထင်မိပါတယ်။ အခုဆိုရင် ဒီဇာတ်ကားလေးဟာ စတင်ရိုက်ကူးနေပြီဖြစ်သလို ဟိန်းဝေယံ နဲ့ ရတနာမိုင် တို့နှစ်ဦးလုံးကလည်း ဟန်ချက်ညီညီ သရုပ်ဆောင်နေတာကိုတွေ့ရပါတယ်။ ဟိန်းဝေယံ နဲ့ ရတနာမိုင် တို့အနုပညာ မောင်နှမနှစ်ဦးရဲ့ အချစ်တွေအဓိပ္ပါယ်ဖွင့်ဆိုကြမယ့် “ချစ်ခြင်းအလင်္ကာ” ဇာတ်ကားလေးရဲ့ ရိုက်ကွင်းပုံရိပ်လေး ကိုလည်း Channel X ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Simple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFire

Related