မြန်မာအချင်းချင်းကူညီကြတာ ဝမ်းသာပါတယ်

ထာဝရအလင်းတန်းများ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုရရှိခဲ့တယ့် သရုပ်ဆောင် မယ်လိုဒီကတော့ နိုင်ငံခြားမှာ သူမကို ကူညီပေးခဲ့တယ့် ရွှေမြန်မာနှစ်ယောက်ကို ဓာတ်ပုံနှင့်တကွ ကျေးဇူးတင်ကြောင်း ကို သူမရဲ့ ကိုယ်ပိုင် facebook ကနေ တင်လိုက်ပါတယ်။
ထိုင်းနိုင်ငံကို သားဖြစ်သူနဲ့အတူ အလည်ခရီး ရောက်ရှိနေတယ့် သရုပ်ဆောင် မယ်လိုဒီ ဟာ သူမအနေနဲ့ သူမရဲ့သားကို အလွန်ချစ်တဲ့ အကြောင်းတွေကို facebook မှာ အမြဲလိုလိုတင်လေ့လည်းရှိပါတယ်။
အခုအါမှာလည်း သားဖြစ်သူစားချင်တယ့် ကြက်ဥကာကျက်နှစ်လုံးကို မရ ရအောင် ရှာဖွေပြီး ပြုတ်ပေးခဲ့ကြတယ့် ထိုင်းရောက် ရွှေမြန်မာအလုပ်သမားနှစ်ယောက်ကို သူမအနေနဲ့ လွန်စွာကျေးဇူးတင်ကြောင်းနဲ့ ရောက်တဲ့နိုင်ငံ လုပ်တယ့်အလုပ်တိုင်း အဆင်ပြေဖို့လည်း ဆုတောင်းပေးခဲ့ပါတယ်။
မိဘမေတ္တာဆိုတာ အလွန်ကိုပဲ ကြီးမားလှပါလားနော်။
Simple, Free Image and File Hosting at MediaFire
Simple, Free Image and File Hosting at MediaFire
Simple, Free Image and File Hosting at MediaFire

Related