တေးသံရှင် တင်ဇာမော်က အိန္ဒိယနိုင်ငံက သီချင်းသည်လေးတွေရဲ့ ဗီဒီယိုဖိုင်လေးကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာတင်လာခဲ့ပါတယ်။

လက်ရှိမှာ တေးသံရှင် တင်ဇာမော်က အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာကို ဘုရားဖူးရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ သူမအတွက် ဒီခရီးစဉ်ဟာ ပထမဆုံးအကြိမ်ဖြစ်သလို တကယ့်ကို ကုသိုလ်ထူးတဲ့ ဘုရားဖူးခရီးစဉ်တစ်ခုလည်းဖြစ်ပါတယ်။ တင်ဇာမော်က ဗုဒ္ဓဂါယာမှာ နေ့တိုင်းသူမရောက်ခဲ့တဲ့ နေရာတွေကို လူမှုကွန်ယက်စာမျက်နှာမှာ သူမချစ်တဲ့ ပရိသတ်တွေအတွက် ကုသိုလ်တွေ ဝေမျှပေးခဲ့တာကို တွေ့ရပါတယ်။ အခုဆိုရင်လည်း ဘုရားဖူးရင်း လမ်းမှာတွေ့ခဲ့ရတဲ့ တင်ဇာမော် တွေ့ခဲ့ရတဲ့ အိန္ဒိယသီချင်းသည်လေးတွေ ရဲ့ဗီဒီယိုလေးကိုတင်ထားခဲ့ပါတယ်။ အိန္ဒိယသီချင်းသည်လေးတွေဟာ ထူးဆန်းတဲ့ တူရိယာလေးတွေကို တီးခတ်ပြီး သာယာတဲ့အသံလေးနဲ့ ခရီးသွားတွေကို အလှူခံဖို့ သီဆိုနေကြပဲဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာမှာပဲမြင်တွေ့ရမယ့် တင်ဇာမော်တင်ထားတဲ့ အိန္ဒိယသီချင်းသည်လေးတွေရဲ့ ဗီဒီယိုလေးကို Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Related