တေးသံရှင်ပိုပိုက တန်ခူးရဲ့အငွေ့အသက်တွေခံစားစေမယ့် သြင်္ကန်သီချင်းသစ်တစ်ပုဒ်ကို သီဆိုရိုက်ကူးနေတာပဲဖြစ်ပါတယ်။

တေးသံရှင်ပိုပိုက “ပိတောက်တစ်ခက် ရေတစ်ခွက်” သြင်္ကန်သီချင်းအသစ် Music Video ကို ပိုပိုကိုယ်တိုင် ဒါရိုက်တာအဖြစ်နဲ့ ရိုက်ကူးပုံဖော်နေတာပဲဖြစ်ပါတယ်။ ဒီသီချင်းထဲမှာ ဇေယျ၊ အောင်လေး၊ ပိုပိုနဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ လူငယ်ဘဝရဲ့ သြင်္ကန်ကာလပျော်မြူးကြတဲ့ အလေ့အထတွေကို ထည့်သွင်းရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ပိုပိုရဲ့ ပရိသတ်တွေကလည်း သီချင်းလေးကို အမြန်ထွက်စေချင်နေကြတာကိုလည်း တွေ့ရပါတယ်။ ဒီသီချင်းလေးဟာ ပိုပိုကိုယ်တိုင် ရေးသားထားသလို ပိုပိုကိုယ်တိုင် ဒါရိုက်တာလုပ်ထားတာဆိုတော့ ထူးခြားမယ့် သီချင်းလေးတစ်ပုဒ်ဖြစ်လာဦးမယ်လို့ ထင်မိပါတယ်။

Related