ရေခဲတောင်ကို ရိုက်ကူးရေးရောက်ရှိနေတဲ့ အဖွဲ့သားများအားလုံးဟာ (၂) ပတ်ကျော် မိသားစုတွေနဲ့ အဆက်အသွယ်ပြတ်ခဲ့ရာမှ အခုအခါမှာ အဆက်အသွယ်ပြန်ရနေပြီလို့ သိရပါတယ်။

မြင့်မြတ်၊ ယုန်လေး၊ ကေညီ၊ သင်ဇာဝင့်ကျော်နဲ့အဖွဲ့ဟာ ရေခဲတောင်ကို MTV ရိုက်ကူးဖို့ရောက်ရှိ နေတာပဲဖြစ်ပါတယ်။ ရေခဲတောင်ရောက်ရှိသွားတဲ့နေ့ကစပြီး (၂) ပတ်ကျော်မိသားစုနဲ့ အဆက်အသွယ်ပြတ်နေလို့ ပရိသတ်တွေကလည်း စိတ်ပူခဲ့ရပါတယ်။ မတ်လ (၆) ရက်နေ့ကမှ သူတို့အဆက်အသွယ်ရလာတဲ့အကြောင်း သူတို့ရဲ့လူမှုကွန်ယက်မှာတင်လာတဲ့ ပုံတွေကြောင့် သိရပါတယ်။ သရုပ်ဆောင် ကေညီက “တရုတ်နယ်စပ်၊ ကန်ဖန်မြို့လေးကိုရောက်နေတယ်။ ဖုန်းလာရင်လည်းမကိုင်ရဲ။ ဖုန်းလည်းမဆက်ရဲဘူး။ တစ်မိနစ်ကို မြန်မာငွေ နှစ်ထောင်ကျော် ဘေဖြတ်နေတော့ China Mobile ကိုကြောက်ကြောက်ကြောက်၊ အဝင်ရော အထွက်ရောကြမ်းချက်” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ တင်လာခဲ့ပါတယ်။ အဖွဲ့သားအားလုံးကို ကျန်းကျန်းမာမာနဲ့ ပြန်တွေ့ရလို့ ပရိသတ်တွေကလည်း ဝမ်းသာနေကြပါတယ်။ ရေခဲတောင်ရောက်နေတဲ့ အဖွဲ့သားတွေရဲ့ ပုံရိပ်တွေကိုလည်း Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။
Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire

Related