သရုပ်ဆောင် အေးမြတ်သူဟာ မတ်လ (၅) နေ့က ရန်ကုန်မြို့ ပြင်သစ်ယဉ်ကျေးမှုဌာနမှာ ကျင်းပပြုလုပ်ခဲ့တဲ့ So What? ကမ်ပိန်းကို တက်ရောက်ခဲ့ပါတယ်။

ဒီပွဲအခမ်းအနားဟာ အမျိုးသမီးများ ဓမ္မတာလာခြင်းဆိုင်ရာ ကျန်းမားရေးအသိပညာပေးတဲ့ပွဲလေး လည်းဖြစ်ပါတယ်။ ရာသီသွေးပေါ်တယ်ဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ဝန်ဆောင်နိုင်စွမ်း၊ ကလေးကိုကာကွယ်ပေးစွမ်းရဲ့ ပြယုဂ်တစ်ခုဖြစ်တာကြောင့် အမျိုးသားတွေအနေနဲ့လည်း စာနာမှုနဲ့ ဖေးမကူညီပေးရမယ့် မိန်းမဖြစ်တည်မှုရဲ့ သဘာဝတစ်ခုပဲဖြစ်ပါတယ်။ ပွင့်လင်းမြင်သာလာတဲ့ ယနေ့ခေတ်ကာလမှာ အမျိုးသမီးတွေ ရာသီသွေးလာတာဟာ ရှက်ရွံ့စရာကောင်းတဲ့ ကိစ္စ မဟုတ်သလို ရာသီသွေးစလာတယ်ဆိုတာ ဂုဏ်ယူစရာကောင်းတယ်လို့တောင် မှတ်ယူလို့ရပါတယ်။ သရုပ်ဆောင် အေးမြတ်သူကလည်း ရာသီသွေးလာတာဟာ ရှက်ဖို့မလိုသလို အမျိုးသမီးတွေသာမက အမျိုးသားတွေနဲ့ပါသက်ဆိုင်တယ် ဆိုတဲ့အကြောင်းကို Channel X Online TV ရဲ့မေးမြန်းမှုမှာ အခုလိုပဲပြောပါတယ်။
Simple, Free Image and File Hosting at MediaFire
“အမျိုးသမီးတွေ ရာသီသွေးလာခြင်းခေါင်းစဉ်အောက်မှာ အမျိုးသမီးနဲ့ပဲမဟုတ်ပါဘူး။ အားလုံးနဲ့သက်ဆိုင်ပါတယ်။ အမျိုးသားတွေနဲ့လည်းသက်ဆိုင်ပါတယ်။ ဘာလို့သက်ဆိုင်လဲဆိုတော့ ကိုယ့်ရဲ့မိသားစုမှာ ကိုယ့်အမေရှိမယ်။ ကိုယ့်ရဲ့ အိမ်သူသက်ထားရှိမယ်။ မရှိခဲ့ရင်တောင် ကိုယ့်ရဲ့ အမရှိမယ်။ ညီမရှိမယ်။ နောက်ဆုံး အိမ်ထောင်သည်ဆိုတောင် ကိုယ့်သမီးရှိမယ်။ ဒီလို အမျိုးသားတွေကလည်း ပွင့်လင်းမှုတွေ အရမ်းလိုအပ်ပါတယ်။ ငယ်ငယ်တုန်းကဆိုရင် အမေက နင့်အဖေမသိစေနဲ့။ နင့်အဖေသိစရာမလိုဘူး။ အဲ့လိုမျိုးလေးတွေပေါ့နော်။ ကျန်းမားရေးအသိနည်းတဲ့ အခါကျတော့ အဲ့လိုမျိုးတွေတားမြစ်မှုတွေကြောင့်အမျိုးသမီးတွေက ဒီဟာကိုရှက်ရွံ့စရာ ဖြစ်လာတဲ့ အခါ အေးမြတ်သူကတော့ ဒီဟာသည် အားလုံးနဲ့သက်ဆိုင်ပါတယ်။ မိခင်ကသာသိထားမှ မိခင်က သူ့ရဲ့သမီးကို သူပြန်ပြီးတော့ ဂရုစိုက်ခွင့်ရမယ်။ အသိပညာတွေ ပြန်မျှဝေပေးလို့ရမယ်။ အဲ့လိုပဲ ဖခင်ရဲ့ပွင့်လင်းမှုကြောင့် ကိုယ့်သမီးဟာ အကိုမောင်နှမတွေအပေါ်မှာ ဒီဟာကို ရှက်စရာလို့ မထင်ဘဲနဲ့ ကျန်းမာရေးအသိအရဆိုတဲ့အရာမျိုးနဲ့သာပေးမယ်ဆိုရင် သူတို့တွေဟာ ပျော်ရွှင်စရာကောင်းတဲ့ Life Style ကိုရပါမယ်။ ပျော်ရွှင်တဲ့လူနေမှုဆီမှာ ရဲဝင့်စွာနဲ့ လုပ်ငန်းခွင် မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် နေနိုင်ပါတယ်။ အဲ့လိုရဲဝင့်စွာနေနိုင်မှ ကိုယ့်ရဲ့လုပ်ငန်းခွင် အနာဂတ်အတွက်အရမ်းကိုကောင်းမယ်လို့ အေးမြတ်သူယုံတယ်ရှင့်” လို့အေးမြတ်သူက ပြောပါတယ်။
အေးမြတ်သူက သူမအနေနဲ့ အမျိုးသမီးဖြစ်နေတဲ့အတွက် ဂုဏ်ယူရမယ့်အချိန်ရောက်ပြီလို့လည်း ဆိုပါသေးတယ်။

Related