ရန်ကုန်မြို့တော်စည်ပင်သာယာဖို့အတွက် သူမကိုမဲပေးဖို့ မဲဆွယ်လိုက်တယ့် ထက်ထက်ထွန်း

MISS UNIVERSE MYANMAR တစ်ယောက်အဖြစ်နဲ့ နိုင်ငံတကာစင်မြင့်ထက်မှာ မြန်မာနိုင်ငံအတွက် ဂုဏ်ဆောင်ဆုတစ်ခုဖြစ်တဲ့ Miss Universe National Costume ဆုကို ရအောင်ယူပေးခဲ့တဲံ အလှမယ် ထက်ထက်ထွန်းကတော့ သူမရဲ့ ယုံကြည်ရာတစ်ခုကို အောင်မြင်အောင်ဖော်ဆောင်နိုင်ဖို့ အတွက် မတ်လ 31 ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ရန်ကုန်မြို့နယ် စည်ပင်သာယာရေးကော်မတီဝင် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတစ်ဦးအနေနဲ့ မဲဆန္ဒနယ် 3 ကနေ ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ် ခံ တော့ မှာပဲ ဖြစ်ပါတယ်။

သူမအနေနဲ့ အနုပညာလောကမှာ နေရာတစ်နေရာ အခိုင်အမာရရှိထားပြီးတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းကိုလည်း ခံ နေရသူတစ်ဦးလည်းဖြစ်ပါတယ်။
သူမအနေနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာတိုးတက်ရေးအတွက်လုပ်ဆောင်ပေးချင်စိတ်တွေရှိကြောင်းနဲ့ သူမကို မဲပေးကြဖို့အတွက် သူမရဲ့ ကိုယ်ပိုင်လူမှုကွန်ယက်တွေကနေတစ်ဆင့်လည်း လှုံဆော်လျက်ရှိတာကိုတွေ့၇ပါတယ်။
ပြောင်းလဲတိုးတက်လာတယ့် ခေတ်ကြီးနဲံအတူ ပွင့်လင်းမြင်သာလာတဲ့ နိုင်ငံရေးအတွက်လည်း ပြည်သူတွေကကျေနပ်အားရလျက်ရှိပြီး ယခု စည်ပင်ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံမယ့် အလှမယ်ထက်ထက်ထွန်းကိုလည်း ထောက်ခံပေးကြတယ့်သူတွေနဲ့ ဝေဖန်အကြံပြုနေကြတယ့် လူတွေလည်းရှိပါတယ်။ သူမအနေနဲ့ မည်သည့်အကြံမျိူးကိုမဆို လက်ခံပေးကြောင်းနဲ့ သူမကိုအားပေးဖို့အတွက်လည်း ပြောကြားထားပါတယ်။
အလှမယ်တွေထဲကနေ အခုလိုနိုင်ငံရေးအတွက်ဝင်ရောက်လုပ်ဆောင်တာ သသူမကပထမဆုံးဖြစ်ပြီးတော့ သမ္မတအထိ တက်ရောက်ပြီးရွေးချယ်ခံရတဲ့ အထိ ကြိုးစားမယ်လို့လည်း သိရှိရပါတယ်။
ှ#SourceHtetHtet

Related