တေးသံရှင် ဖြိုးလေးရဲ့ “ဘာတွေဖြစ်” တစ်ကိုယ်တော် တေးစီးရီးမိတ်ဆက်ပွဲအခမ်းအနားကို မတ်လ (၄) ရက်နေ့က The Maze Club မှာကျင်းပပြုလုပ်ခဲ့ပါတယ်။

တေးသံရှင် ဖြိုးလေးအတွက် “ဘာတွေဖြစ်” တေးစီးရီးဟာ ငွေကြေးမြောက်များစွာ အကုန်ခံထားသလို အကောင်းဆုံးဖန်တီးမှုတွေဖြစ်အောင် အချိန်ယူခဲ့တယ်ဆိုတာ သိသာစေပါတယ်။ ဒီလိုအကောင်းဆုံးတွေထဲက ဖြိုးလေးက သူရဲ့ “ဘာတွေဖြစ်” တေးစီးရီးထဲက Dancing Car Music Video လေးကို သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာတင်လာခဲ့ပါတယ်။ လက်ရှိ အွန်လိုင်းမှာ ဒီဗီဒီယိုလေးဟာ ကြည့်ရှုသူသိန်းနဲ့ချီရှိနေတာကိုလည်းတွေ့ရပါတယ်။ မြူးကြွတဲ့သံစဉ်တွေ၊ ဆွဲဆောင်မှုရှိတဲ့မော်ဒယ်တွေရဲ့ အလန်းစားကကွက်တွေ၊ အမိုက်စားရိုက်ချက်တွေနဲ့ ရိုက်ကူးထားတဲ့ Music Video လေးလည်းဖြစ်ပါတယ်။ အဲ့တော့ ဖြိုးလေးရဲ့ ထိမိမိုက်နေတဲ့ Dancing Car Music Video လေးကို Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

တေးသံရှင် ဖြိုးလေးရဲ့ “ဘာတွေဖြစ်” တစ်ကိုယ်တော် တေးစီးရီး လက်မှတ်ရေးထိုးပွဲကို လာမယ့် မတ်လ (၉) ရက်နေ့မှာ ရန်ကုန်မြို့ လှည်းတန်းစင်တာမှာ ကျင်းပပေးသွားမှာဖြစ်ပြီး အခွေထဲမှာပါဝင်တဲ့ အနုပညာရှင်တွေကလည်း ပါဝင်လက်မှတ်ရေးထိုး သီဆိုဖျော်ဖြေသွားမယ်လို့ သိရပါတယ်။

Related