တေးရေးဆရာ ကမ္ဘာဟာ ဓားထိုးဒဏ်ရာနဲ့အတူ ကွယ်လွန်ခဲ့တယ်ဆိုတဲ့သတင်းကို “သဗ္ဗသုခ အလုံးစုံအခမဲ့နာရေးကူညီမှုအသင်း” ကနေတစ်ဆင့် ဒီကနေ့ (၄.၃.၂၀၁၉) နံနက်ပိုင်းက သိရှိရပါတယ်။

အချိန်လွန်ငှက်၊ မြို့ပြလမ်းခွဲ၊ ခဏတာ စတဲ့သီချင်းတွေရဲ့ ပဲ့ကိုင်ရှင်တစ်ဦး ဖြစ်သလို တေးသံရှင် ဂျီလတ်၊ အောင်လ၊ ဇွဲပြည့်၊ အိမ့်ချစ်တို့ရဲ့အပြင် အခြားသော နိုင်ငံကျော်တေးသံရှင်တွေရဲ့ အောင်မြင်ကျော်ကြား လူကြိုက်များတဲ့ တေးသီချင်းတွေကို ရေးစပ်ပေးခဲ့တဲ့ တေးရေးဆရာ ကမ္ဘာ ဟာ (၄.၃.၂၀၁၉) တနင်္လာနေ့၊ မနက်အစောပိုင်းအချိန်မှာ နေပြည်တော် ပုဗ္ဗသီရိမြို့ မင်္ဂလာဒီက ရပ်ကွက်၊ သီရိမဏ္ဍိင်လမ်းပေါ်တွင် ခါး၌ ထိုးသွင်းဒဏ်ရာဖြင့်သေဆုံးနေတယ်လို့ သိရပါတယ်။ တန်ဖိုးရှိတဲ့ အနုပညာသည်တစ်ဦးမို့လို့ သတင်းအမှားဖြစ်ပါစေလို့ ဆုတောင်းနေခဲ့ပေမယ့်လို့ တေးသံရှင် ဂျီလတ်ကိုယ်တိုင်က ကမ္ဘာ့သတင်း မှန်ပါတယ်လို့ ကြေငြာလိုက်ချိန်မှာတော့ ပရိသတ်တွေ အံ့အားသင့်ဝမ်းနည်းခဲ့ရပါတယ်။ အဖိုးတန်တဲ့ ငွေကြယ်ပွင့်တစ်ဦး အခုလိုအဖြစ်ဆိုးနဲ့ကြုံရတာ ဝမ်းနည်းနှမြောဖွယ်ကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါ။ Channel X မိသားစုကလည်း ကျန်ရစ်သူတွေနဲ့ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါတယ်။ တေးရေးဆရာ ကမ္ဘာလည်း နောင်ဘဝဆိုတာရှိခဲ့ရင် အခုလို အဖြစ်ဆိုးမျိုးနဲ့ မကြုံဘဲ ပျော်ရွှင်ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ Channel X မိသားစုမှ ဆုတောင်းလိုက်ပါတယ်။

Related