တေးသံရှင် မနောက သြင်္ကန်အတွက် “သြင်္ကန်မယ်… လှသူဇာ” သီချင်းသစ်လေးကို သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာမှာတင်လာခဲ့ပါတယ်။

မြန်မာသံစဉ်အေးအေးလေးတွေသာမက သံစဉ်မြူးမြူးလေးတွေကြောင့် တေးသံရှင် မနောဟာ မြန်မာသံစဉ်ကြိုက်ကြတဲ့ ပရိသတ်တွေရင်ထဲ အပိုင်နေရာယူထားလ့ိုနေပါတယ်။ မနောရဲ့ လူကြိုက်အများဆုံး သီချင်းကိုပြောပါဆိုရင် သြင်္ကန်သီချင်းတစ်ပုဒ်ဖြစ်တဲ့ “မိချော” သီချင်းပဲဖြစ် ပါတယ်။ သြင်္ကန်မရောက်ခင်ကစပြီး သြင်္ကန်ပြီးသွားသည်အထိ နေရာတိုင်းလိုလို မနောရဲ့ “မိချော” အငွေ့အသက်တွေချည်းပါပဲ။ မကြာခင်ကျရောက်တော့မယ့် သြင်္ကန်အတွက်လည်း တေးသံရှင် မနောက “သြင်္ကန်မယ်… လှသူဇာ” သီချင်းသစ်လေးကို ပရိသတ်တွေထံ ပေးပို့လိုက်ပါတယ်။ ဒီသီချင်လေးက အေးအေးငြိမ်ငြိမ်လေး သီဆိုထားတဲ့သီချင်းလေးဖြစ်သလို ဒီသီချင်းလေး တင်လိုက်တဲ့အခါမှာလည်း တစ်ခဲနက်အားပေးကြတဲ့ ပရိသတ်တွေရှိသလို “ကောင်းတော့ ကောင်းပါတယ်။ ဒါပေမယ့် ဗုံကြီးသံအားနည်းတယ်။ မနှစ်ကသီချင်းကပိုမိုက်တယ်။ သြင်္ကန်ဒိုးသံသိပ်မသုံးထားတော့ သြင်္ကန်အနှစ်သာရ မပေါ်ဘူး။ မိချောလောက်မမြူးလို့ သိပ်မကြိုက်ဘူး” ဆိုပြီး တချို့ပရိသတ်တွေက ဝေဖန်တာကိုလည်းတွေ့ရပါတယ်။ ဒါကြောင့် အခုအသစ်ထွက်ရှိလာတဲ့ မနောရဲ့ “သြင်္ကန်မယ်… လှသူဇာ” သီချင်းသစ်လေးကို ပြန်လည်ဖော်ပြပေးရင်း Channel X ပရိသတ်ကြီးကလည်း ဒီသီချင်းလေးနဲ့ ပတ်သက်လို့ အမြင်လေးတွေကို ဖလှယ်ပေးခဲ့ပါဦးနော်။

Related