တေးသံရှင် ချမ်းမြေ့မောင်ချိုရဲ့ “အိပ်မက်” သီချင်းလေးဟာ (၁.၃.၂၀၁၉) ရက်နေ့မှာ ထွက်ရှိလာပါတယ်။

Myanmar Idol Grand Finalist တစ်ဦးဖြစ်တဲ့ တေးသံရှင် ချမ်းမြေ့မောင်ချိုက “အိပ်မက်” လို့အမည်ပေးထားတဲ့ သူ့မရဲ့ ပထမဆုံး Single MTV လေးကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ တင်လာခဲ့ပါတယ်။ ဒီသီချင်းလေးဟာ တေးရေးဆရာ ဝေကြီးရဲ့ လက်ရာတစ်ပုဒ်လည်းဖြစ်ပါတယ်။ သီချင်းလေးရဲ့ အဓိပ္ပါယ်ကတော့ အိပ်မက်တစ်ခုလို ချစ်သူရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရတဲ့မိန်းကလေး တစ်ယောက်ရဲ့ စွန့်လွှတ်ခြင်းနဲ့ ချစ်ရတဲ့ဘဝကို ရေးဖွဲ့ထားတာပါ။ အဓိပ္ပာယ်များစွာရှိတဲ့ သီချင်းလေး ဖြစ်သလို တေးရေးဆရာ ဝေကြီးရဲ့ ပြောင်မြောက်တဲ့ လက်ရာနဲ့ ချမ်းမြေ့မောင်ချိုရဲ့ အသံအား ကောင်းကောင်းနဲ့ ပေါင်းစပ်လိုက်တဲ့ ပရိသတ်တွေအတွက် ဘယ်လိုခံစားမှုမျိုးပေးစွမ်းမလဲဆိုတာ Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Related