ရတနာမိုင် တို့မိသားစုဟာ မိဘမဲ့ကလေးတွေကို ရှင်သာမဏေအဖြစ် ရှင်ပြုအလှူတော်မင်္ဂလာ ပြုလုပ်ခဲ့ပါတယ်။

Simple, Free Image and File Hosting at MediaFire
တေးသံရှင် ရတနာမိုင် တို့မိသားစုဟာ လအစရဲ့ အလှူဦးတစ်ခုအနေနဲ့ ရွှေပြည်သာ၊ ဓမ္မဂုဏ်ရည် ရွှေပြည်သာကျောင်းတိုက်က မိဘမဲ့ကလေးတွေကို ရှင်သာမဏေအဖြစ် ရှင်ပြုအလှူတော်မင်္ဂလာ ပြုလုပ်ခဲ့ပါတယ်။ ရတနာမိုင်က သူမအတွက်တော့ ဒီအလှူဟာ ဘဝမှာ ပထမဆုံးအကြိမ် ဘုရားဒါယကာမ၊ ရဟန်းဒါယိကာမ ဖြစ်ခွင့်ရတဲ့အတွက် သေပျော်ပြီလို့ပြောပါတယ်။ မိဘမဲ့ဖြစ်နေတဲ့ ကလေးတွေကို ရှင်သာမဏေဖြစ်ခွင့်ပေးတဲ့ အလှူဟာ ကြီးမြတ်လေးစားဖွယ်ကောင်းတဲ့ မွန်မြတ်တဲ့ ကုသိုလ်ထူး ဖြစ်ပါတယ်။ တေးသံရှင် ရတနာမိုင် တို့မိသားစုရဲ့ ထူးကဲတဲ့အလှူကို Channel X ပရိသတ်ကြီးလည်း သာဓုခေါ်လို့ရအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Simple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFire

Related