တေးသံရှင် နီနီခင်ဇော်က ချစ်တဲ့ပရိသတ်တွေကို ဓာတ်ပြားခေတ်ကိုပြန်လည်ရောက်သွားစေတဲ့ တေးသရုပ်ဖော် ဓာတ်ပြားသီချင်းလေးတစ်ပုဒ် ဖန်တီးပုံဖော်လိုက်ပါတယ်။

နိုင်ငံကျော်တေးသံရှင် နီနီခင်ဇော်ဟာအဆိုပညာနဲ့ ပတ်သက်ရင်တစ်ဖက်ကမ်းခက်ကျွမ်းကျင်သူ တစ်ဦးဖြစ်သလို သူချစ်တဲ့ပရိသတ်တွေကို မတူညီတဲ့ရသတွေရစေမယ့် သီချင်းတွေကို ဖန်တီးသီဆို တတ်သူလည်း ဖြစ်ပါတယ်။ သူမဖန်တီးထားတဲ့ ခင်နဲ့ကိုငြိမ်းမောင် ဓာတ်ပြားတေးသရုပ်ဖော် သီချင်းလေးတွေဟာဆိုရင်လည်း အပိုင်းတွဲလေးတွေနဲ့ ပရိသတ်တွေရင်ထဲမှာ နေရာယူထားလျက် ရှိပါတယ်။ ဓာတ်ပြားခေတ်က အသံအနေအထားတွေ၊ ဝတ်စားဆင်ယင်မှုတွေနဲ့ ပီပီပြင်ပြင်ဖန်တီး ပုံဖော်ထားတာမို့လို ပရိသတ်တွေရဲ့ချီးကျူးလက်ခံခြင်းကိုလည်းခံခဲ့ရပါတယ်။ ဒီကနေ့ (၂၇.၂.၂၀၁၉) မှာ ဒီလိုမျိုး ဖန်တီးမှုအားကောင်းတဲ့ “ပစ်တိုင်းထောင်” အမည်နဲ့ ဓာတ်ပြား တေးသရုပ်ဖော် သီချင်းလေးတစ်ပုဒ် ထပ်မံထွက်ရှိလာပါတယ်။ နီနီခင်ဇော်ကိုယ်တိုင် သံစဉ်ရော စာသားပါ ရေးသား ခဲ့သလို နီနီကိုယ်တိုင် စိတ်ကူးဖန်တီးထားတဲ့ ဇာတ်လမ်းလေးလည်းဖြစ်ပါတယ်။ ဓာတ်ပြား အဆိုတော်တွေ အနေနဲ့ကတော့ တေးသံရှင် နီနီခင်ဇော်၊ သိန်းလင်းစိုး၊ ကျော်သီဟတို့က ပါဝင်သီဆိုထားပါတယ်။ အဓိပ္ပါယ်ရှိတဲ့ စားသားတွေနဲ့ ပညာသားပါတဲ့ ဇာတ်လမ်းလေးမို့လို့ နီနီခင်ဇော် ရဲ့“ပစ်တိုင်းထောင်” ဓာတ်ပြား တေးသရုပ်ဖော်သီချင်းလေးကို Channel X ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Related