ရန်ကုန်မြို့ မှာ ရိုက်ကူးနေတဲ့ ကမ္ဘာကျော် Line Walker 2 အက်ရှင်ဇာတ်ကားဟာ ရင်းနှီးမှုတွေ မြောက်မြားစွာနဲ့ အောင်မြင်စွာ ရိုက်ကူးပြီးစီးသွားပြီပဲဖြစ်ပါတယ်။

Line Walker 2 အက်ရှင်ဇာတ်ကားကို မြန်မာနိုင်ငံမှာရိုက်ကူးခွင့်ရအောင် အဒိကပံ့ပိုးပေးခဲ့တဲ့ Federation of Asia Producer Association ရဲ့ BOD တစ်ဦးဖြစ်သူ အန်တီ ဂရေစ့် (အကယ်ဒမီများရှင် အန်တီ ရွှေစင်ထိုက်) က ဒီဇာတ်ကားနဲ့ပတ်သက်ပြီး သူမရဲ့ ခံယူချက်တွေကို အခုလိုပဲ ရေးသားဖော်ပြလာပါတယ်။ Simple, Free Image and File Hosting at MediaFire
“Line Walker 2: Operation Midnight Shadow အက်ရှင်ဇာတ်ကားအတွက်ကူညီပေးပါသော
ရန်ကုန်မြို့နေမိဘပြည်သူများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ အားလုံးကို
ကျေးဇူးတင်လျက်။ Aunty Grace ပြောနေကြစကားလေးရှိပါတယ်။ ပထမခြေလှမ်းအနေနဲ့ 100% နိုင်ငံခြား investment နဲ့ နိုင်ငံတကာအဆင့်မှီရုပ်ရှင် မြန်မာပြည်မှာရိုက်ရမယ်။ ဒုတိယခြေလှမ်း အနေနဲ့ 50%+50% Myanmar + International ပူးပေါင်းပြီးမြန်မာပြည်မှာ နိုင်ငံတကာအဆင့်မှီ ရုပ်ရှင်ရိုက်ရမယ်။ တတိယခြေလှမ်း ကတော့100% Myanmar Investment နဲ့နိုင်ငံတကာ အဆင့်မှီ ရုပ်ရှင်ကိုနိုင်ငံခြားနဲ့ပူးပေါင်းပြီးမြန်မာမှာရိုက်နိုင်ရမယ်။ Line Walker2 ဟာအန်တီ့ရဲ့ ပထမ ခြေလှမ်းပါ” လို့ ရေးသားဖော်ပြလာပါတယ်။
Simple, Free Image and File Hosting at MediaFire
Line Walker 2 အက်ရှင်ဇာတ်ကားဟာ မြန်မာ့ရုပ်ရှင်လောကအတွက်လည်း အထောက်အကူ ကောင်းတွေ၊ အခွင့်အလမ်းကောင်းတွေ ဖြစ်ပေါ်လာစေမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Simple, Free Image and File Hosting at MediaFire

Related