ဒါရိုက်တာ ကိုပေါက်က Line Walker 2 ရိုက်ကူးရေးကို နေ့တိုင်းသွားကြည့်တာ သူ့အတွက် ပညာတွေတိုးသလို အချိန်ပေးရကျိုးနပ်တယ်လို့ ပြောလာပါတယ်။

ဒါရိုက်တာ ကိုပေါက်ဟာ ဆူးလေမှာ Line Walker 2 စရိုက်ကူးတဲ့နေ့ကတည်းက နောက်ဆုံးနေ့ အထိ တစ်ရက်မှမပျက်ဘဲ နေ့တိုင်းနေ့တိုင်း ရိုက်ကူးရေးကို သွားရောက်လေ့လာ ခဲ့ပါတယ်။ ဒီလို သွားရောက်ကြည့်ရှုခဲ့ရင်းနဲ့ သူ့အတွက် ပညာတွေရလိုက်တယ်ဆိုတဲ့ အကြောင်းကို အခုလိုပဲ သူ့ရဲ့ Facebook Account မှာ အခုလိုပဲ ရေးသားထားပါတယ်။
“ကျွန်တော်မျှော်လင့်သောနေ့။ ရီဟာဇယ်လုပ်လုပ်တဲ့ ဘားလမ်းကနေစပြီး အဓိကသရုပ်ဆောင်တွေ ရိုက်ပြီးသွားတဲ့ဒီနေ့အထိ နေတိုင်း နေ့တိုင်း Line walker ll ကိုလေ့လာနေခဲ့တာအတွေးစတွေလည်း အများကြီးရပါတယ်။ ပညာတွေလည်းတိုးပါတယ်။နည်းစနစ်တွေလည်း လက်လှမ်းမှီသလောက် ရပါတယ်။အချိန်ပေးရကျိုးနပ်သလို ကမ္ဘာကျော်ဒါရိုက်တာ Jazz boon နဲ့ အမှတ်တရ ဓါတ်ပုံတွဲရိုက် ရဖို့ ကလည်းကျွန်တော့်ရဲ့အိပ်မက်တစ်ခုပါ။သူတို့တွေအရမ်းအလုပ်ရှုပ်နေချိန်မှာကိုယ့်ကြောင့် အနှောက်အယှက်ဖြစ်မှာစိုးတယ်။ အလိုက်မသိတဲ့ လူတစ်ယောက်ဖြစ်မှာစိုးလို့ ဓါတ်ပုံရိုက်ဖို့ ကြိုးစားတာတွေဟာနေ့တိုင်းနေ့တိုင်း ပျက်ပျယ်ခဲ့ရတယ်။ဒီနေ့တော့ ကျွန်တော်တောင့်တခဲ့တဲ့
စိတ်အဟာရ တစ်ခုပြည့်စုံခဲ့ပါပြီ။သူနဲ့တွဲပြီး ဓါတ်ပုံရိုက်ပြီးချိန်မှာကျွန်တော်အရမ်းပျော်နေပါတယ်။
သူများတွေအတွက်တော့ ဒီကိစ္စဟာအထူးအဆန်းဟုတ်ချင်မှဟုတ်မယ်၊ကျွန်တော့အတွက်တော့ ဖြတ်သန်းခဲ့သမျှတွေထဲမှာ ဘယ်တော့မှမေ့လို့မရမယ့်နေ့တွေထဲက တစ်ခုဖြစ်လို့နေမှာပါ” လို့ရေးသားထားပါတယ်။

Related