သရုပ်ဆောင်မင်းမော်ကွန်းက သူရဲ့ (၄၀)နှစ်ပြည့်မွေးနေ့မှာ ပရိသတ်တွေအတွက် သီချင်းသစ်လေးကို လက်ဆောင်ပေးလိုက်ပါတယ်။

ဒီနေ့ (၂၆.၂.၂၀၁၉) ဟာ သရုပ်ဆောင်မင်းမော်ကွန်းရဲ့ အသက်(၄၀)နှစ်ပြည့်တဲ့ မွေးနေ့ရက်မြတ်လေး ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းသာမက ဂီတလောကမှာလည်း မြေပဲယိုအဖွဲ့ရဲ့ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်တဲ့ မင်းမော်ကွန်းက “ခဏလောက်ပြုံးပါ” သီချင်းလေးကို မွေးနေ့လက်ဆောင် အဖြစ် လက်ဆောင်ပေးလိုက်ပါတယ်။ ဆယ်စုနှစ်တစ်ခုကျော်လောက်ကတည်းက အောင်မြင်ခဲ့တဲ့ မြေပဲယို အဖွဲ့ဟာ ဒီဘက်ခေတ်တွေမှာ အနုပညာလှုပ်ရှားမှုတွေ မတွေ့ခဲ့ရသလို ဒီသီချင်းလေးဟာ သူတို့အနေနဲ့ ဂီတလောကကို ပြန်လည်ထိုးဖောက်ဝင်ရောက်လာခဲ့တဲ့ သီချင်းကောင်းလေးလည်း ဖြစ်ပါတယ်။ ဒီသီချင်းလေးရဲ့ MTV လေးထဲမှာ မင်းမော်ကွန်းရဲ့သမီးလေးကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတာကို ထူးထူးခြားခြားတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဂီတလောကကို ပြန်လည် ဝင်ရောက်လာတဲ့ မြေပဲယိုအဖွဲ့ရဲ့ “ခဏလောက်ပြုံးပါ” သီချင်းသစ်လေးကို Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Related