တေးရေး ဝေကြီးက လွတ်လပ်ရေး ပေးလိုက်တဲ့ တေးသံရှင် ဝိုင်းလေး

တေးရေး ဝေကြီးဟာ သီချင်းရေးတဲ့နေရာမှာ မှော်လက်ပိုင်ရှင်လို့တောင် တင်စားလို့ရပါတယ်။ သူရေးတဲ့ သီချင်းအားလုံးက မအောင်မြင်တဲ့သီချင်းဆိုတာမရှိသလောက်ပါပဲ။ အခုဆိုရင်လည်း တေးသံရှင် ဝိုင်းလေးအတွက် “လွတ်လပ်းရေး” ဆိုတဲ့ သီချင်းသစ်လေးကို ရေးပေးခဲ့ပါတယ်။ သီချင်းလေးရဲ့အဓိပ္ပာယ်ကတော့ ပူလောင်မှုတွေပြည့်နှက်နေတဲ့ Relationship ကနေ လွတ်မြောက်သွားတဲ့ Single ဘဝရဲ့ လွတ်လပ်တဲ့ခံစားမှု အကြောင်းပဲဖြစ်ပါတယ်။ တစ်ခါတစ်လေကျရင် ဘယ်လိုအကြောင်းအမျိုးကြောင့်ဖြစ်ဖြစ် ကိုယ့်ကိုလွတ်လပ်ခွင့်ပေးတဲ့ သူတွေကို ကျေးဇူးတင်သင့်တယ် လို့ ဝိုင်းလေးကပြောထားပါသေးတယ်။ အကယ်လို့ Channel X ပရိသတ်တွေထဲမှာ ကိုယ့်ကို ပူလောင်တဲ့စိတ်သောကတွေပေးတဲ့ ချစ်သူမျိုးရှိနေမယ်ဆိုရင် ကိုယ့်ဘဝအတွက် လွတ်လပ်တဲ့ခံစားမှုတွေကို ဒီသီချင်းလေးနားဆင်ပြီးရှာဖွေတွေ့ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Related