သရုပ်ဆောင် ဒိန်းဒေါင်ဟာ နှလုံးအောင့်ရောဂါကြောင့် အရေးပေါ်ဆေးဝါးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

သရုပ်ဆောင် ဒိန်းဒေါင်ဟာ ယနေ့နေ့လည်၁နာရီခန့်က နှလုံးအောင့်ရောဂါကြောင့် အရေးပေါ် ဆေးဝါးကုမှုခံနေရတယ်လို့ သိရပါတယ်။ ဒီသတင်းကို ဟာသလူရွှင်တော် ကောင်းကျော်က သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပြီး ဒိန်းဒေါင် အတွက်လည်း အခုလိုပဲ ဆုတောင်းစကား ပြောထားပါတယ်။ “လူရွှင်တော်အသင်း(ရန်ကုန်)၏ ဥက္ကဌ ဟာသလူရွှင်တော် ဒိန်းဒေါင်သည် နှလုံးအောင့်ရောဂါကြောင့်ပင်လုံဆေးရုံကြီး အခန်း (၁၄၃၃)၊ (၃) လွှာ သို့ ယနေ့နေ့လည်၁နာရီခန့်က အရေးပေါ် ဆေးဝါးကုမှုခံနေရ ကြောင်းကြား သိရပါ၍ ညီလေးဒိန်းဒေါင် အမြန်ဆုံးသက်သာပျောက်ကင်းပါစေဟု လူရွှင်တော်အသင်းသားများအားလုံးက ဆုတောင်းပေးနေကြပါသည် ချစ်ပရိသတ်ကြီးလဲ ဆုတောင်း ပေးကြပါဦးနော်” လို့ ကောင်းကျော်က ရေးသားထားပါတယ်။
ဟာသလူရွှင်တော်သရုပ်ဆောင် ဦးဒိန်းဒေါင်လည်း အမြန်ဆုံးသက်သာလာပါစေလို့ Channel X မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ်။

Related