သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ တေးသံရှင် ဟိန်းမင်းသူတို့ သီဆိုထားတဲ့ “You are the one” သီချင်းလေး ထွက်ရှိလာပါတယ်။

သင်ဇာဝင့်ကျော်အတွက်တော့ ဒီသီချင်းလေဟာ ပထမဆုံး Official ထွက်ရှိလာတဲ့ သီချင်းလေး လည်းဖြစ်သလို ဆွဲဆောင်မှုရှိတဲ့ သူမရဲ့အသံကြောင့် ပရိသတ်တွေက အံ့အားသင့်ခဲ့ရပါတယ်။ သင်ဇာဝင့်ကျော်ဟာ အရင်က စိုင်းစိုင်းခမ်းလှိုင်ရဲ့အောင်မြင်ကျော်ကြားခဲ့တဲ့ “မိုက်လား” သီချင်းမှာလည်း ပါဝင်သီဆိုခဲ့ဖူးတယ်လို့လည်း သိရပါတယ်။ အခုဆိုရင်လည်း သင်ဇာဝင့်ကျော်ဟာ ဟိန်းမင်းသူနဲ့ “You are the one” သီချင်းလေးကို စုံတွဲသီဆိုရုံသာမက အတူတူစုံတွဲ သရုပ်ဆောင် ထားပါတယ်။ ဒီ ဗီဒီယိုလေးထဲမှာဆိုရင်လည်း သင်ဇာဝင့်ကျော်နဲ့ ဟိန်းမင်းသူက ချစ်သူနှစ်ဦးကြည်နူး ပျော်ရွှင်ကြတဲ့ ဇာတ်ဝင်ခန်းတွေကို အမိုက်စားရိုက်ကူး ဖန်တီးထားတာကိုလည်း တွေ့ရပါတယ်။ ပရိသတ်တွေ အံ့အားသင့်စေတဲ့ ရိုက်ချက်တွေနဲ့မို့လို့ သူတို့ နှစ်ဦးဘယ်လို ဆွဲဆောင်မှုကောင်းတဲ့ သရုပ်ဆောင်ချက်တွေနဲ့ “You are the one” သီချင်းလေးကို သီဆိုထားသလဲဆိုတာ Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Related