မော်ဒယ် သရုပ်ဆောင် ထားထက်ထက် က Line Walker 2 ဇာတ်ကားရဲ့ ရိုက်ကူးရေးကို သွားကြည့်ရင်း သူမရဲ့ အတွေ့အကြုံတွေကို ပြောပြလာပါတယ်။

နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ Line Walker 2 ဇာတ်ကားထဲမှာ သရုပ်ဆောင် အောင်မြင့်မြတ်နဲ့ လင်းအောင်ခေတ်တို့က ပါဝင်သရုပ်ဆောင်ခွင့်ရထားပြီး လက်ရှိမှာ ဒီဇာတ်ကားကို ရန်ကုန်မြို့မှာ စတင်ရိုက်ကူးနေပြီပဲဖြစ်ပါတယ်။ နိုင်ငံခြားဒါရိုက်တာတွေ ရိုက်ကူးနေတာလည်း ဖြစ်သလို မြန်မာနိုင်ငံက အနုပညာရှင်တွေသာမက ဒါရိုက်တာတွေ ကပါ ဒီဇာတ်ကားရဲ့ရိုက်ကူးရေး အထိ သွားရောက်ကြည့်ရှုနေကြတာကိုလည်း တွေ့ရပါတယ်။ အခုဆိုရင်လည်း ဖိုက်တင်အခန်းတွေကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်လေ့ရှိတဲ့ သရုပ်ဆောင် ထားထက်ထက်က Line Walker 2 ဇာတ်ကားရဲ့ ရိုက်ကူးရေးကို သွားကြည့်ခဲ့ပြီး သူမမြင်တွေ့ခဲ့ရတဲ့ အကြောင်းအရာတွေ၊ အတွေ့အကြုံတွေကို သူမရဲ့ Facebook Account ကနေရေးသားထားတဲ့အတွက် Channel X ပရိသတ်ကြီးအတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ သူမရေးသားထားတာကတော့ “ဒီနေ့ Line Walker 2 Shooting ရောက် အတွေ့အကြုံဝေမျှရရင်တော့ သူတို့အလုပ်လုပ်တာ စနစ်ကျတယ်။ Professional ဆန်တယ်။ စည်းလုံးညီညွတ်မှုရှိတယ်။ ဘယ်သူ့တာဝန်လဲစောင့်မနေဘူး။ ကြိုတင်ပြင်ဆင်မှုအား အရမ်းကောင်း တယ်။အချိန်သေချာပေးတယ်။ ငွေကြေးအကုန်အကျခံတယ်။ ဒီနေ့ရိုက်တဲ့ သေနတ်နဲ့လိုက်ပစ်တဲ့ ရိုက်ကွင်း ခဏလေးသွားကြည့်ခဲ့တဲ့ အပိုင်းဆို တစ်ပိုင်းထဲကို အကြိမ်များစွာ Rehearsal လုပ်တယ်။ Rehearsal ကိုလဲပေါ့ပျက်ပျက်မဟုတ်ပဲ တကယ်ရိုက်တဲ့အတိုင်း ဗျောက်တွေ အခေါက်တိုင်း ဖောက်တယ်။ မီးပွင့်တဲ့ သေနတ်နဲ့ စနစ်တကျ Fighting နည်းပြက ပြပေးပြီး အစမ်း ခဏ ခဏ ရိုက်တယ်။ အစမ်းရိုက်နေတဲ့အခါ တကယ့်သရုပ်ဆောင် ၂ ယောက်က မော်နီတာကနေကြည့်နေပြီး Substitutes တွေက အတိအကျ သရုပ်ဆောင်ပြတယ်။ ပြီးတဲ့အခါ တကယ့်သရုပ်ဆောင် မင်းသားတွေကထွက်လာပြီး ရိုက်တယ်။ ဒါကိုခဏခဏ သေချာအောင် စနစ်တကျ အဖွဲ့လိုက် ညီညီညွတ်ညွတ် လုပ်ခဲ့ကြတယ်။ တကယ်ကောင်းတဲ့ နိုင်ငံခြား Action ကားတွေ ဘာလို့ သုံးတဲ့ Budget ထက် အဆများစွာ ဝင်ငွေတွေရကြလဲ? သေချာစနစ်တကျ Professional ဆန်ဆန်နဲ့ ငွေကြေး ပစ္စည်းကအစ မခိုပဲ Producers တွေရော Director တွေရော Actors တွေရော ပါဝင်သမျှ ရှိသမျှ Crews တွေက အချိန်ပေး အားစိုက်ပြီး သတ္တိရှိရှိ ကိုယ့်အပိုင်းကို တာဝန်အပြည့်အဝယူ လစ်ဟာမှုမရှိ ကြိုးစားလုပ်ကြလို့ပါ။ မြန်မာတွေက သတ္တိမရှိလို့လား? မကြိုးစားလို့လား? မဟုတ်ပါဘူး သူတို့ထက်ပိုသတ္တိရှိကြပါတယ်။ စနစ်တကျ အချိန်ပေးပြင်ဆင်ဖို့ထက် စီးပွားရေးအတွက် ငွေကိုပဲ အရင် ကြည့်ပြီး ကိုက်မယ့်ဟာပဲလုပ်နေကြလို့ပါ။ Action ကားတွေဆို သေချာ အချိန်အရင်ပေး အားစိုက်လေ့လာလုပ်ကြည့်ပါ ကောင်းတာတွေဒီထက်ပိုပေါ်ပေါက်လာမှာပါ။ သူတို့ဆီကလူတွေ ပြေးပြီးသေနတ်ပစ်တာတွေကို Substitute နဲ့အရင်တိုက် ထိခိုက်ပွန်းပဲ့မှုမရှိအောင် ပစ္စည်းကိရိယာအစုံနဲ့ အကြိမ်များစွာလုပ်နေကြတဲ့ အချိန်မှာတောင် မြန်မာတွေက On scene ပေါ်မှာ Action တွေကို Fighting နည်းပြသေချာမပါပဲ ကိုယ့်ဘာသာတွေညှိပြီး တခါထဲ လုပ် ပြန်ရိုက် ဘာအကာအကွယ်မှမပါပဲ တိုက်ခိုက်ကြ ဘာကြိုးမှမပါပဲ ခုန်ချကြ ဘာအသက်အာမခံမှမရှိပဲ ယမ်းတွေဖောက် မီးတွေရှို့ သေနတ်တွေပစ်ကြ အနာခံပြီးချကြနဲ့ သတ္တိရှိရှိ တကယ် အပင်ပန်းခံလုပ်နိုင်နေကြတာ.. အခုလိုတကယ်တောင့်တောင့်တင်းတင်း Group လိုက်ကြီးနဲ့ ပစ္စည်းကိရိယာစုံပြီး Professional ကျကျ လုပ်ကြမယ်ဆိုရင် တကယ်တတ်ပြီးလုပ်နိုင်တဲ့ ကိုယ်တွေလို Action ပိုင်းတွေဆို အို..... ဘာပြောကောင်းမလဲ အကောင်းစားတွေကြီးပဲ ဖြစ်နေမှာ တကယ်တမ်း မြန်မာလူမျိုးတွေက အရမ်းတော်ကြပါတယ်။ အရမ်းသတ္တိရှိကြပါတယ်။ တစ်ခုပဲ အကျင့်မကောင်း ကြတာ...တခြားနိုင်ငံသားဆိုတာနဲ့ ဇွတ်တွေအထင်ကြီး နေရာတွေပေး အချင်းချင်းတွေဆို တက်လာမယ့်သူကို နေရာတွေမပေးချင် ဆွဲမခေါ်ချင် တကယ်အရည်အချင်းရှိသူတွေဆို အခွင့်အရေးမပေး နောက်တွေမရောက်ရောက်အောင်ဆွဲချ တွန်းချ ကန်ချတဲ့သူတွေ များနေတာ အဓိက” ဆိုပြီး သူမရဲ့အမြင်တွေကိုရေးသားလာပါတယ်။

Related