သရုပ်ဆောင် အေးမြတ်သူက ချစ်သူအတွက်ရည်ရွယ်ပြီး ရေဒီယိုမှာ သီချင်းတောင်းခဲ့ပါတယ်။

အပျိုကြီးဘဝက မကျွတ်လွတ်သေးတဲ့ အပျိကြီးမမ အေးမြတ်သူကတော့ Teen Radio ရဲ့ သီချင်းတောင်းအစီအစဉ်မှာ သီချင်းနားထောင်ခွင့်ရမလားဆိုပြီး သီချင်းတောင်းခဲ့ပါတယ်။ ရေဒီယိုက သူတောင်းတဲ့သီချင်းလေးကို လွှင့်ပေးလာတဲ့အတွက် အရမ်းပျော်ပြီး သူမရဲ့ Facebook Account မှာ Live လွှင့်ပြီး သီချင်းကို လိုက်ဆိုခဲ့ပါတယ်။ ဒီသီချင်းလေးကို သူမရဲ့ ချစ်သူအတွက်ရည်ရွယ်ပြီး တောင်းတာဖြစ်သလို ချစ်သူကိုပြောချင်တာတွေကို သီချင်းလေးထဲကနေတစ်ဆင့် ပြောလိုက် တယ်လို့လည်း အေးမြတ်သူကပြောပါတယ်။ သီချင်းလေးအတိုင်းသာဆိုရင် အေးမြတ်သူ ဟာ ချစ်သူကို အရမ်းချစ်တတ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်ဆိုတာ သိသာလွန်းပါတယ်။ အေးမြတ်သူက ချစ်သူအတွက် ဘယ်သီချင်းလေးကို တောင်းထားမလဲ ဆိုတာကို Channel X ပရိသတ်ကြီးအတွက် အေးမြတ်သူရဲ့ ဗီဒီယိုလေးကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Related