သရုပ်ဆောင် ဒေါင်း နဲ့ ဝတ်မှုန်ရွှေရည် တို့ဟာ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နွံနစ်တဲ့ ဇာတ်ဝင်ခန်းကို ပီပြင်စွာ အပြိုင်သရုပ်ဆောင်ခဲ့ပါတယ်။

လက်ရှိမှာ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးဟာ ဖန်တီးမှုအားကောင်းလွန်းတဲ့ ဇာတ်ကား တစ်ကား လည်းဖြစ်သလို ပရိသတ်တွေများစွာ အားပေးခြင်းကို ခံထားရတဲ့ ဇာတ်ကား တစ်ကား လည်းဖြစ်တာကြောင့် ရုံတင်ရက်ကို တိုးမြှင့်ပြသနေရပါတယ်။ အခုဆိုရင် စင်ကာပူနိုင်ငံ မှာပါ ရုံတင်ပြသနေတယ်လို့လည်းသိရပါတယ်။ ဒီဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခန်းဖြစ်တဲ့ နွံနစ်တဲ့ ဇာတ်ဝင်ခန်းမှာ ဒေါင်း နဲ့ ဝတ်မှုန်ရွှေရည်တို့ဟာ တကယ့်ရွှံ့ အစစ်တွေထဲမှာ ရုန်းကန် ရိုက်ကူး ခဲ့ရတာပါ။ အရမ်းနံလွန်းလှ ရွှံကန်ထဲမှာ ပီပီပြင်ပြင် သရုပ်ဆောင်ရတာဟာ အင်မတန်ခက်ခဲလွန်း လှပါတယ်။ ဒီဇာတ်ဝင်ခန်းကို သရုပ်ဆောင် ဒေါင်းက တစ်ကြိမ်တည်းနဲ့ ပီပီပြင်ပြင်သရုပ်ဆောင် နိုင်ခဲ့လို့ ထိုင်းဒါရိုက်တာ ကိုယ်တိုင်ကကိုယ်က ချီးကျူးစကားဆိုထားပါသေးတယ်။ ဒေါင်း နဲ့ ဝတ်မှုန်ရွှေရည် တို့ရဲ့ ပီပြင်လှတဲ့ ဇာတ်ဝင်ခန်းရိုက်ကူးမှုကိုလည်း Channel X ပရိသတ်ကြီးအတွက် ပြန်လည် ဖော်ပြပေးလိုက်ရပါတယ်။

Related