သရုပ်ဆောင်ဇေရဲထက်က သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ဇာတ်ကားတွေဟာ စကာတင်စာရင်း ထဲမပါလာလို့ စိတ်မကောင်းဖြစ်နေပါတယ်။

သရုပ်ဆောင် ဇေရဲထက် ပါဝင်သရုပ်ဆောင်ထားတဲ့ “ရာဇဝင်ရိုင်းခဲ့သည်” ရုပ်ရှင်ဇာတ်ကားကြီးဟာ ၂၀၁၈ ခုနှစ်မှာ ရုံတင်ပြသခဲ့ပါတယ်။ ဇာတ်လမ်းဇာတ်အိမ်ကောင်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်တာကြောင့် ပရိသတ်တွေအားပေးမှုလည်း ရရှိထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ သို့ပေမယ့် အကယ်ဒမီစကာတင် (၂၅) ကားစာရင်းမှာ မပါခဲ့တဲ့ အတွက်ကြောင့် ဇေရဲထက်က အားမလိုအားမရ လည်းဖြစ်ခဲ့ရသလို၊ သူ သရုပ်ဆောင်ညံံ့လို့ ဆိုတဲ့အကြောင်းတွေကို သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ အခုလိုပဲတင်ထားခဲ့ပါတယ်။
“ငါကြိုးစားခဲ့ပါတယ်။ ငပေါနေရာကော ဗရမ်းဗတာကာရိုတ်တာကော လုံးဝမူးလဲတဲ့အထိ မွန်းကြပ်စွာ သရုပ်ဆောင်ခဲ့ရတဲ့ကားတွေရော တစ်ကားမှမပါဘူး ကျနော့်ကံပေါ့။ မှန်းလည်းမမှန်းထားပါဘူူူူး စိတ်မကောင်းတာက ဒီ၂၅ ကားထဲတောင် တစ်ကားမှမပါတာတော့ ကျနော်ညံ့လ့ို မပါတာလို့ပဲ ကျနော့်ကိုချစ်တဲ့လူတွေ ကျနော်ချစ်တဲ့လူတွေကိုပြောချင်ပါတယ်။ စိတ်မကောင်းမဖြစ်ပါနဲ့လို့ ကံတရားကိုပဲပုံချပါရစေ” လို့ ဇေရဲထက်က ဆိုလာပါတယ်။
ဆက်လက်ပြီးတော့လည်း “ရာဇဝင်ရိုင်းခဲ့သည်” ရုပ်ရှင်ဇာတ်ကားရဲ့ ထုတ်လုပ်သူတွေကိုလည်း ဇေရဲထက်က သူ့ကို ရုပ်ရှင်ကားတွေခေါ်မသုံးဖို့ အခုလိုပဲ ဆိုထားပါသေးတယ်။ “မရွှေရည်အတွက်စိတ်မကောင်းသလို ပရိုဂျူဆာ ကိုချမ်းကျော်ကျော်ပိုင် ကိုလည်း စာနာမိပါတယ်။ နောက်ဆို ကျနော်နဲ့မရိုက်ပါနဲ့ အကိုနဲ့အမ ရွှေရေးထင်ထင် ကျနော်တာဝန်မကျေခဲ့ပါဘးူ။ နောက်ဆို အိုတ်တင်အဆင်မပြေတဲ့ကျနော့်ကိုခေါင်းထဲမထည့်ပါနဲ့အကိုရယ်။ အမကော ကျနော်စာနာပါတယ်။ ရုပ်ရှင်တန်းဝင်မဟုတ်တော့ အားနာလို့ပါ” လို့ပြောထားပါသေးတယ်။
ဒီအခြေအနေကို ဇေရဲထက်ရဲ့ ပရိသတ်တွေကလည်း ထပ်တူ စိတ်မကောင်းဖြစ်နေတာကိုလည်း မြင်တွေ့ရပါတယ်။ လက်ရှိမှာလည်း ဇေရဲထက်က ပရိသတ်တွေရဲ့ အချစ်ကို တိုးပွားရရှိနေတာ ဆိုတော့ အကယ်ဒမီစကာတင်မပါပေမယ့်လို့ ပရိသတ်တွေရင်ထဲကပေးတဲ့ အကယ်ဒမီကတော့ ရရှိနေပြီပဲဖြစ်ပါတယ်။

Related