အကယ်ဒမီ ဖွေးဖွေးက ရိုက်ကွင်းမှာ နေတိုးနဲ့ အတူရှိနေတဲ့ ဗီဒီယိုလေးကို သူမရဲ့ လူမှုကွန်ယက် စာမျက်နှာကနေ တင်လာခဲ့ပါတယ်။

အကယ်ဒမီ နေတိုးနဲ့ အကယ်ဒမီ ဖွေးဖွေး တို့အနုပညာမောင်နှမ နှစ်ယောက်ကတော့ ကြော်ငြာ ရိုက်ကူးရေးနဲ့ ရိုက်ကွင်းမှာဆုံနေကြပါတယ်။ အရမ်းချစ်စရာကောင်းတဲ့ အနုပညာမောင်နှမတွေ ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကိုအပိုင် သိမ်းထားသူ တွေလည်း ဖြစ်ပါတယ်။ ဖွေးဖွေးက နေတိုးနဲ့ ဆုံတိုင်း ဗီဒီယိုလေးတင်လေ့ရှိသလို အခုဆိုရင် သူတို့နှစ်ဦးကို အတူတူတွဲမမြင်ရတာလည်း ကြာနေသလောက် ဖြစ်နေလို့ ပရိသတ်တွေကလည်း သူတို့နှစ်ဦးကို အတူတွဲမြင်ချင်နေကြပါတယ်။ အခုဆိုရင်တော့ ဖွေးဖွေးက ကြော်ငြာအတွက် အကလေ့ကျင့်နေကြပါတယ်..သူတို့ကို မှတ်မိသေးရဲ့လားဆိုပြီး နေတိုးနဲ့ အတူ ဗီဒီယိုလေး တင်ထားခဲ့ပါတယ်။ ဗီဒီယိုလေးထဲမှာ နှစ်ယောက်လုံးက အရမ်းချစ်စရာကောင်းနေတာကြောင့် Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ နေတိုးနဲ့ဖွေးဖွေးတို့ မောင်နှမနှစ်ဦးကို ချစ်တယ်ဆိုရင် Like & Share လေးနဲ့ အားပေးသွားပါဦးနော်။

Related