တေးသံရှင် ဖြိုးလေးက သူရဲ့ မကြာခင်မှာထွက်ရှိလာတော့မယ့် “ဘာတွေဖြစ်” အခွေနောက်ကွယ်က အကြောင်းတွေပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ တင်လာခဲ့ပါတယ်။

Snare အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဖြိုးလေးကတော့ မကြာခင်မှာ သူရဲ့ တစ်ကိုယ်တော်အခွေ ထွက်ရှိတော့မှာပဲ ဖြစ်ပါတယ်။ ဒီအခွေလေးဖြစ်လာဖို့ အတွက် ရိုက်ကွင်းနောက်ကွယ်က အဖြစ်အပျက်တွေ၊ Studio Session တွေ၊ ဘယ်လိုတွေ အချိန်ယူခဲ့ရတယ်ဆိုတာတွေ၊ အခွေနာမည်ကို ဘာကြောင့်ပေးဖြစ်ခဲ့ ရတယ်ဆိုတာတွေကို ဖြိုးလေးက ပြောပြထားပါတယ်။ ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်တွေ ကြည့်ရုံနဲ့တင် ဒီအခွေလေးဟာ မထွက်ခင်ကတည်းကိုက အရမ်းမိုက်နေပါပြီ။ အခွေလေးနဲ့ ပတ်သက်တဲ့ ပုံရိပ်တွေ နဲ့ အသေးစိတ် အကြောင်းအရာတွေကို Channel X ပရိသတ်တွေလည်း သိရအောင် ဖြိးလေးပြောပြထားတဲ့ ဗီဒီယိဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Related