ထွန်းထွန်း၊ ဝေလျှံ နဲ့ ဒီဖြိုး တို့သီဆိုထားတဲ့ You are my everything (ငါရဲ့အရာရာ) သီချင်းလေးဟာ Valentine Day မှာထွက်ရှိလာပါတယ်။

ဒီသီချင်းလေးဟာ သီချင်းတွေနဲ့ ဝေးကွာနေတဲ့ သူတို့ သုံးယောက်လုံးအတွက် အဖွဲ့လိုက်တွဲဆိုတာ ပထမဆုံးအကြိမ် လည်းဖြစ်ပါတယ်။ You are my everything (ငါရဲ့အရာရာ) သီချင်းသစ်လေးဟာ ကြည့်ရှုသူများစွာ လည်းရှိနေသလို ပရိသတ်တွေလည်း အရမ်းကို ကြိုက်နှစ်သက်ကြတဲ့ သီချင်းလေးလည်းဖြစ်ပါတယ်။ ကိုယ့်ချစ်သူကို အရာရာတိုင်းအတွက်လို့ တန်ဖိုးထားကြတဲ့ ကောင်လေးတွေအတွက် ခံစားလို့ကောင်းတဲ့ သီချင်းလေးတစ်ပုဒ်လည်း ဖြစ်ပါတယ်။ ထွန်းထွန်း၊ ဝေလျှံ နဲ့ ဒီဖြိုးတို့ဟာ အဆိုလောကမှာ တစ်ယောက်ချင်းစီက အောင်မြင်မှုကိုယ်စီ ရရှိထားတဲ့ သူတွေဆိုတော့ ဒီသီချင်းလေး မှာလည်း ဘယ်လိုခံစားမှုတွေ ပေးထားမလဲဆိုတာ Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြ ပေးလိုက်ရပါတယ်။

Related