၂ နှစ်နေမှတစ်ကြိမ် ကျင်းပတဲ့ ဆီးဂိမ်း အားကစားပွဲတော် ကြီးပာာဆိုရင်ဖြင့် ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှာစတ်ကျင်းပတော့မှာဖြစ်ပါတယ်။ ယခုနှစ်ဆီးဂိမ်း အားကစားပွဲတော်ကိုတော့ ဖိလစ်ပိုင်နိုင်ငံမှာပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ ယခုနှစ် ဖိလစ်ပိုင် ဆီးဂိမ်း ကတော့ အခါတိုင် ဆီးဂိမ်းတွေနဲ့ မတူပဲတစ်မူထူးခြားနေပါတယ်။ အဲ့ တာကတော့ E-Sports လို့ခေါ်တဲ့ ဂိမ်းပြိုင်ပွဲတွေ ပါဝင်နေလို့ပါပဲ။

၂၀၁၉ ဖိလစ်ပိုင် ဆီးဂိမ်း နှင့် E-Sport
၂ နှစ်နေမှတစ်ကြိမ် ကျင်းပတဲ့ ဆီးဂိမ်း အားကစားပွဲတော် ကြီးပာာဆိုရင်ဖြင့် ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှာစတ်ကျင်းပတော့မှာဖြစ်ပါတယ်။ ယခုနှစ်ဆီးဂိမ်း အားကစားပွဲတော်ကိုတော့ ဖိလစ်ပိုင်နိုင်ငံမှာပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ ယခုနှစ် ဖိလစ်ပိုင် ဆီးဂိမ်း ကတော့ အခါတိုင် ဆီးဂိမ်းတွေနဲ့ မတူပဲတစ်မူထူးခြားနေပါတယ်။ အဲ့ တာကတော့ E-Sports လို့ခေါ်တဲ့ ဂိမ်းပြိုင်ပွဲတွေ ပါဝင်နေလို့ပါပဲ။
E-Sports ဆိုတဲ့ခေါင်းစဉ် အောက်ကနေ Dota 2, Starcraft II, Tekken 7, Arena of Valor နှင့် Mobile Legands : Bang Bang တို့ကို ယှဉ်ပြိုင်ရမှာပါ။ PC ဂိမ်းအနေနဲ့ကတော့ Dota 2 နဲ့ Starcraft II တို့ဖြစ်ပြီး၊ Console အနေနဲ့ကတော့ PES တို့ FIFA တို့လို့လူဆော့များ တဲ့ ဘောလုံးမပာုတ်ပဲ Tekken 7 ကို ပြိုင်ရမှာတော့ နည်းနည်းစိတ်ကသိကအောက်ဖြစ်စေပါတယ်။ ဒီလောက် Fighting ဂိမ်းတွေ အများကြီးထဲကမှာ Tekken 7 ကဖိလစ်ပိုင်မှာလူဆော့များလို့လား ဆိုတာကတော့မေးခွန်းထုတ်စရာပါ။ Mobile ဂိမ်းတွေအနေ နဲ့ ကတော့ Arena of Valor နှင့် Mobile Legands : Bang Bang တို့ကိုဆော့ရမှာပါ။ Mobile Legands ကတော့ထားပါတော့ ။ Arena of Valor ကိုဘာကြောင့် ယှဉ်ပြိုင်ခိုင်းတာလဲ။ လူလဲအဆော့နည်းတယ်၊ Hero တွေကလဲ Batman , The Flash, Superman အစရှိတဲ့ DC Hero တွေပါနေတယ်။ ဘယ်လိုမှသဘောမတွေ့တဲ့ ဂီမ်းတစ်ခုပါ။ DC ဇာတ်ကောင်တွေပဲဆိုတစ်မျိုး ဆော့ရတာမိုက်အုံးမယ်။ အခုပာာက DC ထဲက Hero နည်းနည်းနဲ့ ဘယ်ကမှန်းမသိတဲ့ Hero တွေနဲ့ရောဆော့ နေရတာကိုကမမိုက်တာပါ။
ဘယ်တတ်နိုင်မလဲ သူတို့က ဒါတွေပြိုင်ရမယ်ဆိုတော့ သွားပြိုင်ရတာပေါ့။ အဓိကပြောချင်တာ လာပါပီး သွားပြိုင်ကြ ပြီပော့ ဆိုတာ နဲ့ နိုင်ငံတိုင်းနိုင်ငံတိုင်း မှာ ဂိမ်းနဲ့ပတ်သက်တဲ့ လက်ရွှေးစင်အသင်းတွေလိုလာပါပြီ။ အရှေ့တောင်အာရှနိုင်ငံတိုင်းကကော E- Sports ဆိုတာကြီးကို ရင်းနှီးနေကြပြီလား။ မြန်မာနိုင်ငံမှာ ကကော့ ဘာတွေဖြစ်လာမှာလဲ ဆိုတဲ့မေးခွန်းပေါင်း သောင်းခြောက်ထောင်ပေါ်ထွက်လို့လာနေပါပြီ။
ဘောလုံးကန်ရင်တောင် ပာိုနေရာမကန်နဲ့ ဒီနေရာမကန် နဲ့လို့တားနေတဲ့နိုင်ငံ အခုဂိမ်း ဆိုပိုဆိုးသွားပါပြီ။ နင်ကအားနေဂိမ်းပဲဆော့နေ အလုပ်မလုပ်နဲ့ ဆိုတဲ့ဆူပူကြိမ်းမောင်သံတွေ နဲ့ မြန်မာနိုင်ငံရဲ့ E-Sport ဆိုတာကြီးကဘာဖြစ်လာမှာလဲ။ ဂိမ်းဆော့ပြီးချမ်းသာ မှာလာလို့လူကြီးတွေကမေး ရင်ဘယ်လိုပြန်ဖြေကြမလဲ။ ဂိမ်းဆိုတဲ့ အရာကြီးကို မူယစ်ဆေး သဖွယ် ထင်နေကြတဲ့ လူကြီး မိဘတွေ ကြားမှာ ရွှေတံဆိပ်ဆု မျှော်လင့်ကြ မှာလား။ အရာအားလုံးပာာမေးခွန်းတွေကြီးဖြစ်လို့နေပါပြီ။ ၁နှစ်တောင် အချိန်မရတော့ တဲ့ ပြိုင်ပွဲကို ဘယ်လိုတွေလေ့ကျင့် ပြီး ဘယ်လိုတွေ ဝင်ပြိုင်ကြမလဲဆိုတာကိုတော့ ရင်ခုန်နေတာအမှန်ပါ။ ကဲအခုတော့ ဒီလောက်နဲ့ ရပ်ပါရစေ ။
Simple, Free Image and File Hosting at MediaFire

#ADDER