သရုပ်ဆောင်ပီပြင်လွန်းလှတဲ့ ဘုန်းရှိန်ခန့် ကို အားပေးကြမယ်နော်

မြန်မာရုပ်ရှင်လောကရဲ့ တစ်ခေတ်ပြောင်းလဲလာတဲ့ အနုပညာရေစီးကြောင်းမှာ စီးမျောပါလာခဲ့တဲ့ ဇာတ်လမ်းတွဲ အနုပညာဟာလည်း ပြည်သူတွေကြားမှာ အားပေးခြင်းတွေနဲ့ မျောပါနေလျက် ရှိပါတယ်။ ဇာတ်လမ်းဖန်တီးမှုအားကောင်း ခြင်းနဲ့ အနုပညာရှင်တွေရဲ့ သရုပ်ဆောင်ကျွမ်းကျင်မှုတွေကြောင့်ပဲ ပြည်သူတွေရဲ့ အားပေးခြင်းကို ခံနေရတယ်လို့ထင်ပါတယ်။

တစ်ချိူ့သော အနုပညာရှင်တွေဟာဆိုရင် ကာရိုက်တာပီပြင်မှုကြောင့် ပရိသတ်တွေကတောင် မူလနာမည်အရင်းကို မခေါ်ကြတော့ပဲ ဇာတ်လမ်းတွဲတွေထဲက ကာရိုက်တာနာမည်တွေကိုပဲ သုံးစွဲနေကြတာကိုလည်းကြားနေ သိနေရပါတယ်။

များလှတဲ့ ဇာတ်လမ်းတွဲ အနုပညာရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ မင်းသားချောလေးတစ်ယောက်ဖြစ်တဲ့ ဘုန်းရှိန်ခန့်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
အချစ်သင်္ကေတ ၊ ဝင်္ကပါစံအိမ် ၊ မနေ့ကဖြစ်သည် ၊ ပျားရည်အိုင် ၊ ပုဂံမြို့သူ စတဲ့ ဇာတ်လမ်းတွဲတွေမှာ ဝင်ရောက် သရုပ်ဆောင်ထားတဲ့ ဘုန်းရှိန်ခန့်ဟာဆိူုရင်တော့ ပျားရည်အိုင်ဇာတ်လမ်းတွဲမှာ ကျောင်းဆရာလေး လင်းမောင် အနေနဲ့ သရုပ်ဆောင်ရာမှ ပရိသတ်တွေရဲ့ အားပေးခြင်းကို အထူးခံခဲ့ရပြီး မူလနာမည် ဘုန်းရှိန်ခန့်ပျောက်လို့ ဆရာလေးလင်းမောင်အဖြစ်နဲ့ ဆွဲထင်ခဲ့ပါတယ်။
Simple, Free Image and File Hosting at MediaFire
Simple, Free Image and File Hosting at MediaFire

ပုဂံမြို့ကြီးကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ ပုဂံမြို့သူ ဇာတ်လမ်းတွဲလေးထဲမှာတော့
မပြည့်စုံတဲ့ ဒုက္ခိတတစ်ယောက်အဖြစ်နဲ့ ချစ်သူကို အဝေးကနေငေးရင်း ချစ်နေရတဲ့ ပန်းချီဆရာလေး ကံကောင်း အဖြစ်နဲ့ သရုပ်ဆောင်ခဲ့တာဟာဆိုရင် ပရိသတ်တွေရဲ့ အသည်းကို လှုပ်ကိုင်နိုင်ခဲ့ပါတယ်။
Simple, Free Image and File Hosting at MediaFire
Simple, Free Image and File Hosting at MediaFire

ဇာတ်ကားတစ်ကားရဲ့ ကောင်းခြင်းဆိုခြင်းတွေဟာ သရူပ်ဆောင်တွေနဲ့လည်း သက်ဆိုင်နေပါသေးတယ်။ ဘုန်းရှိန်ခန့်ဟာ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့အတွက် သရူပ်ဆောင်ကောင်းတစ်ယောက်လို့ချီးကျူးပါရစေ။
ဆက်လက်ပြီးထုတ်လွှင့်သွားမယ့် စိတ်၏ခြေရာဆိုတဲ့ ဇာတ်လမ်းတွဲထဲမှာဆိုရင် ဘုန်းရှိန်ခန့်ကို တောရွာလေးတစ်ရွာမှာနေထိုင်းပြီး မိဘတွေနဲ့အတူ တောင်ယာအလုပ်တွေလုပ်ကိုင်ရင်း ဘဝကိုရိုးသားစွာ ဖြတ်သန်းနေတဲ့ လူငယ် ထွန်းသိုက် အဖြစ်နဲ့ ကြည့်မြင်ရဦးမှာပါ။ ဘယ်လိုတွေသရုပ်ဆောင်ထားမလဲဆိုတာကို စောင့်မျှော်ကြည့်လိုက်ရအောင် ပရိသတ်ကြီးရေ။
ဆရာလေးလင်းမောင်လည်း ဒီထက်မကအောင်မြင်မှုတွေရရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Related