ဒီနေ့ ချစ်သူများနေ့မှာ နေရွှေသွေးအောင်က သူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ ကြော်ငြာသစ်လေးကို သူကိုယ်တိုင်အသုံးပြုတဲ့ လူမှုကွန်ယက်စာမျက်နှာကနေ တင်လာခဲ့ပါတယ်။

နေရွှေသွေးအောင်ဟာ ကမ္ဘာကျော်အဆိုတော် Enrique lglesias ရဲ့ သီချင်းတွေကို Cover Song အနေနဲ့ ရိုက်ကူးသီဆိုခဲ့တာဟာ စုစုပေါင်း (၆) ပုဒ်ရှိခဲ့ပါပြီ။ ရိုက်ကူးခဲ့တဲ့ ဗီဒီယိုတွေဟာဆိုရင်လည်း နာမည်ကြီး သရုပ်ဆောင်၊ မော်ဒယ်၊ အနုပညာရှင်များစွာနဲ့ အမိုက်စား ရိုက်ချက်တွေ၊ သရုပ်ဆောင်မှု တွေကို ထည့်သွင်းရိုက်ကူးထားတာကိုလည်း တွေ့ရပါတယ်။ ဝေဖန်မှုတွေလည်းရှိခဲ့သလို အားပေးကြတဲ့ ပရိသတ်တွေလည်း ရှိခဲ့ပါတယ်။ အခုဆိုရင်လည်း သူ့အတွက် ဒီကြော်ငြာလေးဟာ ပထဆုံးရိုက်ကူးဖြစ်တဲ့ ကြော်ငြာလေးဖြစ်ပါတယ်။
Simple, Free Image and File Hosting at MediaFire
မကြာသေးတဲ့ ရက်အနည်းငယ်တုန်းကလည်း နေရွှေသွေးအောင်ဟာ သူရဲ့ ပထဆုံးအကြိမ်ရရှိတဲ့ အနုပညာကြေးနဲ့ မိဘနှစ်ပါးကို ကန်တော့ခဲ့ပါသေးတယ်။ နေရွှေသွေးအောင်ရဲ့ ပထမဆုံးကြော်ငြာလေးကို Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ပရိသတ်ကြီးရဲ့ အမြင်လေးကိုလည်း ဝေမျှပေးခဲ့ပါဦးနော်။

Related