တေးသံရှင် ကော်ဘရာနဲ့ ဖြူဖြူကျော်သိန်းတို့ကတော့ ချစ်သူများနေ့ကို အချစ်တွေတိုးစေလိုက်ပါပြီ။

တေးသံရှင် ကော်ဘရာနဲ့ ဖြူဖြူကျော်သိန်းတို့ကတော့ မနက်ဖြန်မှာ ကျရောက်တော့မယ့် ချစ်သူများနေ့ကို အချစ်တွေနဲ့ လွှမ်းခြုံသွားအောင် “လမ်း” သီချင်းလေးကို ပရိသတ်တွေလက်ထဲ ပေးခဲ့ပါတယ်။ ချစ်ရတဲ့ ချစ်သူတိုင်း မဝေးတော့တဲ့ အနာဂတ်ခရီးလမ်းတွေကို အတူတူလျှောက်လှမ်း နိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ သီဆိုထားတဲ့ အချစ်သီချင်းလေးတစ်ပုဒ်လည်းဖြစ်ပါတယ်။ နီးစပ်ဖို့ကြိုးစားနေကြတဲ့ ချစ်သူတွေအတွက် အားတတ်စေမယ့် သီချင်းလေးတစ်ပုဒ်ဖြစ်သလို လာမယ့် ချစ်သူများနေ့အတွက်ပါ ခံစားနားဆင်လို့ကောင်းမယ့် စုံတွဲသီချင်းလေးလည်းဖြစ်ပါတယ်။
ချစ်သူတွေအားလုံး ဘယ်လိုအခက်အခဲတွေပဲရှိရှိ ရည်မှန်းထားတဲ့ အနာဂတ်တွေ၊ အိပ်မက်တွေ အမြန်ဆုံးအကောင်အထည်ဖော် နိုင်ပြီး အမြန်ဆုံးနီးစပ်နိုင်ကြပါစေလို့ ကော်ဘရာနဲ့ ဖြူဖြူကျော်သိန်း တို့သီဆိုထားတဲ့ “လမ်း” သီချင်းလေးနဲ့ အတူတူ Channel X က ချစ်သူတွေအတွက် ဆုတောင်းပေးလိုက်ပါတယ်။ ပျော်ရွှင်စရာကောင်းမယ့် Valentine Day လေးဖြစ်ပါစေရှင်။

Related