တေးသံရှင် မနောကတော့ တိုင်းပြည်နဲ့လူမျိုးကို အကျိုးပြုမယ့် စာကြည့်တိုက်တွေကို မြို့ရွာမကျန် ဖွင့်ကြဖို့အတွက် သီချင်းလေးတစ်ပုဒ် စပ်ဆိုထားပါတယ်။

မြန်မာသံစဉ်အေးအေးချိုချိုလေးတွေ သီဆိုလေ့ရှိတဲ့ တေးသံရှင် မနောက “စာကြည့်တိုက်များ ဖွင့်ကြစို့” သီချင်းလေးကို သူရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ တင်လာခဲ့ပါတယ်။ ဒီသီချင်းလေး မတင်ခင်မှာလည်း မနောက သူရဲ့ ခံစားချက်စာတိုလေးကို အခုလိုပဲပြောထားပါတယ်။
“မင်္ဂလာပါ…ကျနော်တို့ တိုင်းပြည်နှင့်လူမျိုးများ စာများများဖတ်လေ အသိဉာဏ်ကြွယ်ဝလေ။ အမှားနည်းလေ ရဲရင့်လေပဲမို့ စာကြည့်တိုက်များ မြို့ရွာ မကျန်ဖွင့်ကြစို့လေနော်။ ကျနော်ကတော့
ရွာမှာ စာကြည့်တိုက်လေးတည်ဆောက်ပြီးပြီဗျာ” လို့ ပြောထားပါတယ်။
ဒီသီချင်းလေးတင်တင်ချင်းမှာပဲ ပရိသတ်တွေများစွာ နှစ်သက်အားပေးတာကိုလည်း တွေ့မြင် ရပါတယ်။ မနောရဲ့ သီချင်းလေးဟာဆိုရင် တကယ့်ကိုရသမြောက်ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် အဓိပ္ပါယ်ကောင်းတွေ ရည်ရွယ်ချက်ကောင်းတွေနဲ့ ရေးစပ်သီဆိုထားတာမို့လို့ Channel X ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ မနောရဲ့ သီချင်းလေးကို နှစ်သက်ရင် Like & Share လေးနဲ့ အားပေးသွားပါဦးရှင်။

Related