နန်းဆုရတီစိုးက ချစ်သူနှစ်ဦးကြားမှာ စိတ်ဆိုးစိတ်ကောက်တာတွေက ပိုပိုချစ်လာရတဲ့အကြောင်းတွေ ဖြစ်လာရတယ်လို့ပြောလာပါတယ်။

Simple, Free Image and File Hosting at MediaFire
လက်ရှိမှာ G Fatt နဲ့ နန်းဆုရတီစိုးတို့အတွဲဟာ ပရိသတ်တွေ အားကျရတဲ့ အနုပညာရှင်အတွဲ တွေထဲက အတွဲတစ်တွဲလည်းဖြစ်သလို အမြဲစိတ်ဆိုးစိတ်ကောက်တတ်ကြတဲ့ သူတို့အတွဲဟာ ချစ်စရာလည်းကောင်းလှပါတယ်။ နန်းဆုရတီစိုးက ဒီလိုစိတ်ဆိုးစိတ်ကောက်တာတွေက တစ်ယောက်အကြောင်းတစ်ယောက်ပိုသိလာသလို များများစိတ်ဆိုးလေ များများချစ်လေလို့ Channel X Online Tv ရဲ့မေးမြန်းမှုမှာ အခုလိုပဲပြောလာပါတယ်။
“စိတ်ဆိုးစိတ်ကောင်းပြီးရင် ပိုတောင်မှချစ်လာကြသလိုပဲ။ နန်းဆုကတော့ အဲ့လိုပဲထင်တယ်။ များများစိတ်ဆိုးလေ များများချစ်လေပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အကြောင်း ပိုပိုပြီးသိလာရတယ်လေ။ ဒီလို စိတ်ဆိုးရင်းစိတ်ကောက်ရင်းနဲ့မှ ပြန်ချော့လိုက်တဲ့အခါ ကြည်နူးစရာကောင်းသွားတယ်။ နောက်တစ်ခုက ဒီစိတ်ဆိုးတဲ့ အထဲမှာပဲ ယူတတ်ရင် အကောင်း ချည်းပါပဲ။ သြော် သူကတော့ ဒါလေးတွေမကြိုက်တတ်ဘူးပဲ။ ဒါလေးတွေ ကြိုက်တတ်တာပဲဆိုတဲ့ Information လေးတွေ ရတဲ့သဘောပါပဲ။ အဲဒီတော့ ရှေ့ဆက်သွားဖို့ နားလည်တွေပိုရနိုင်တယ်။ ချော့လိုက်တော့လည်းပြန်ပြေသွားတာပဲ။ ပြီးတော့ချော့တာလေးက ချစ်စရာကောင်းနေရင် ပိုပြီးတော့တောင် ချစ်ရသေးတယ်လေ။ အဲ့လိုမျိုးဆိုတော့ စိတ်ဆိုးစိတ်ကောက်တာက တကယ် ချစ်တဲ့ချစ်သူတွေကြားမှာ အနုတ်သဘောမဆောင်ဘူး။ အပေါင်းလက္ခဏာတောင် ဖြစ်သေးတယ်လို့ နန်းဆုကထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အတွဲတိုင်းမှာ ချစ်တဲ့သူတိုင်းမှာ စိတ်ဆိုး စိတ်ကောက် ရန်ဖြစ်တယ်ဆိုတာ ရှိကြပါတယ် အဲ့ဒါကြောင့်ပါ” လို့နန်းဆုရတီစိုးကပြောပါတယ်။
နန်းဆုရတီစိုးရဲ့ အခုလာမယ့် Valentine Day အစီအစဉ်ကတော့ ရှိုးပွဲကိစ္စနဲ့ ခရီးသွားဖို့ရှိတယ် လို့ပြောပါတယ်။
Simple, Free Image and File Hosting at MediaFire
Simple, Free Image and File Hosting at MediaFire
Simple, Free Image and File Hosting at MediaFire

Related