သရုပ်ဆောင် ဇဏ်ခီက သူရိုက်ကူးထားခဲ့တဲ့ ကြော်ငြာရိုက်ကွင်းနောက်ကွယ်က ဗီဒီယိုဖိုင်လေးကို သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်လာခဲ့ပါတယ်။

“ဥပါယ်တံမျှင်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်ရင်ထဲရောက်လာခဲ့တဲ့ သရုပ်ဆောင် ဇဏ်ခီကတော့ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လာရင် ပရိသတ်တွေကို အကောင်းဆုံးတွေချည်း ဖန်တီးပြသပေးသူ တစ်ဦးပါ။ အခုဆိုရင်လည်း သူကြော်ငြာထားတဲ့ Red Bull အချိုရည်ရိုက်ကွင်းက အမြင့်ပေါ်ကနေ ခုန်ချတဲ့အခန်းကို သူကိုယ်တိုင် တကယ့်အမြင့်ကနေခုန်ချပုံကို ရိုက်ကူးထားပါတယ်။ ပရိသတ်တွေ ကြည့်ဖူးတဲ့ ကြော်ငြာထဲမှာတော့ ဒီတိုက်ပေါ်က ခုန်ချတဲ့အခန်းဟာ ခဏတာလေးဆိုပေမယ့် တကယ့်ရိုက်ကွင်း မှာတော့ ဇဏ်ခီဟာ ခုနှစ်ကြိမ်တိုင်တိုင် ခုန်ချခဲ့ရတာပဲ ဖြစ်ပါတယ်။ တစ်ကိုယ်လုံးကို ကြိုးနဲ့ သိုင်းပြီး ခုန်ချရတာမို့လို့ အန္တရာယ်များတဲ့ ရိုက်ကွင်းလည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီရိုက်ကွင်းဗီဒီယိုလေး ထဲမှာ ဇဏ်ခီရဲ့ကြိုးစားအားထုတ်မှုတွေနဲ့အတူ Team Work ကောင်းကောင်းနဲ့ အလုပ်လုပ်ကြပုံကို မြင်တွေ့ရမှာမို့လို့ Channel X ပရိသတ်ကြီးအတွက် ပြန်လည် ဖော်ပြပေးလိုက်ရပါတယ်။

Related