သရုပ်ဆောင် အကယ်ဒမီမြင့်မြတ်၊ ယုန်လေး နဲ့ Kညီ တို့က ဂျင်းကောင်အသံနဲ့ “ဂျင်းကောင်” ရုပ်ရှင်ဇာတ်ကားကြီးကို လာရောက်အားပေးကြဖို့ ပရိသတ်တွေကို ဖိတ်ခေါ်လိုက်ပါတယ်။

ဂျင်းကောင်ဇာတ်ရုပ်နဲ့ ပရိသတ်အားပေးမှုများစွာရရှိခဲ့တဲ့ မြင့်မြတ်ကတော့ အခုဆိုရင် ဂျင်းကောင်ဇာတ်ရုပ်နဲ့ပဲ “ဂျင်းကောင်” ရုပ်ရှင်ဇာတ်ကားကြီးကို နိုင်ငံကျော်သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားထဲမှာ မြင့်မြတ်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ အိချောပို၊ အေးဝတ်ရည်သောင်း တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ “ဂျင်းကောင်” ရုပ်ရှင် ဇာတ်ကားကြီးဟာ (၈.၂.၂၀၁၉) ရက်နေ့မှာ မြန်မာနိုင်ငံလုံးမှာ ရုပ်တင်ပြတော့မှာပဲ ဖြစ်ပါတယ်။
Simple, Free Image and File Hosting at MediaFire
ဟာသကားလေးဖြစ်တာမို့လို့ ပရိသတ်တွေဘဝအမောပြေစေမယ့်ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ အခုဆိုရင်လည်း ဒီဇာတ်ကားကြီးကို လာရောက်အားပေးကြဖို့ အတွက် မြင့်မြတ်၊ ယုန်လေး နဲ့ Kညီ တို့က ဂျင်းကောင်အသံနဲ့ ပရိသတ်တွေကို ဖိတ်ခေါ်ထားတာဟာ အရမ်းလည်းချစ်ဖို့ ကောင်းသလို ပါးစပ်ပိတ်ဖို့တောင်မေ့နေတာမို့လို့ Channel X ပရိသတ်လည်း အပြုံးတွေ ဝေဆာသွားအောင် ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Related