ဟိန်းဝေယံနဲ့ မအေးသောင်းတို့ နှစ်ဦးရဲ့ ရိုက်ကွင်းပေါ်က ဗီဒီယိုလေးဟာ အခုဆိုရင် အွန်လိုင်းမှာ ကြည့်ရှုသူ သိန်းနဲ့ချီအောင်ရှိနေပါတယ်။

လက်ရှိမှာ ဟိန်းဝေယံနဲ့ မအေးသောင်းတို့ နှစ်ဦးလုံးဟာ “ရင်ခွင်ရှင်းတမ်း” ဇာတ်လမ်းတွဲကို ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို ဒါရိုက်သားညီက ရိုက်ကူးပြီးတော့ ဟိန်းဝေယံ၊ အုပ်သာကျော်၊ ညိမ်းသော်၊ အေးဝတ်ရည်သောင်း၊ သွန်းဆက် တို့ကအဓိက ပါဝင်သရုပ်ဆောင် ထားပါတယ်။ အခုဆိုရင်လည်း ဟိန်းဝေယံက ဒီဇာတ်လမ်းတွဲထဲက မအေးသောင်းနဲ့အတူ သရုပ်ဆောင်နေတဲ့ ရိုက်ကွင်းက ဇတ်ဝင်ခန်း ဗီဒီယိုလေးကို တင်ထားခဲ့ပါတယ်။ ဒီဗီဒီယိုလေးဟာ ကြည့်ရှုသူ သိန်းနဲ့ချီအောင်ရှိနေသလို ဝေဖန်သူတစ်ချို့လည်း ရှိနေပါတယ်။ သူတို့နှစ်ဦး ဘယ်လိုဇာတ်ဝင်ခန်းမျိုး သရုပ်ဆောင်ထားမလဲဆိုတာ Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ ပရိသတ်ကြီးရဲ့အမြင်လေးကိုလည်း ပြောခဲ့ပါဦးနော်။

Related