ထူးပိုင်ဇော်ဦးနဲ့ဒေါင်း ရဲ့ ပထမဆုံးတွေ့ဆုံမှု

ည ဇာတ်ကားနဲ့ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦး က တော့ ဆရာမ ဂျူးရဲ့ လူကြိုက်များ အောင်မြင်ခဲ့တဲ့ “လရဲ့ အောက်ဖက် မိုင်အဝေးမှာ” ဆိုတဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းဖို့အတွက် ဆရာမဆီက ဝယ်ယူခဲ့ပါတယ်။

အဆိုပါ ဇာတ်လမ်းမှာပါဝင်တဲ့ အဓိက ဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့ “နေရောင်ခန့်” ဆိုတဲ့ နေရာမှာတော့ ရုပ်ရှင်သရုပ်ဆောင်မင်းသား ဒေါင်းကို ပါဝင်သရုူပ်ဆောင်စေမယ်လို့လည်း သိရပါတယ်။
Simple, Free Image and File Hosting at MediaFire

သူအနေနဲ့ ဒီဇာတ်လမ်း စ ဝယ်ကထဲက မင်းသားနေရာကို ဒေါင်းကိုလျာထားတာဖြစ်ပြီးတော့ တကယ်ရိုက်ကူးတော့မယ့် အချိန်တွင်လည်း ဒေါင်းကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ဆရာမဂျူးရဲ့ပရိသတ်တွေကလည်း ဒီဇာတ်ကားလေးကို အများကြီး မျှော်လင့်နေကြတာကိုလည်း သိရှိရပါတယ်။ ကိုထူးပိုင်ဇော်ဦးအနေနဲ့ ဒေါင်းကို ဘယ်လိုတွေ ကာရိုက်တာပြောင်းပေးမလဲဆိုတာကို စောင့်ကြည့်ရင်း မင်းသမီးဘယ်သူဖြစ်လာမလဲဆိုတာကိုပါ စောင့်ကြည့်ကြရအောင် ပရိသတ်ကြီးရေ။

Simple, Free Image and File Hosting at MediaFire

Related