သရုပ်ဆောင် ဇေရဲထက်က ဒီကနေ့ (၅.၂.၂၀၁၉) နံနက်ပိုင်းမှာ သူရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်တဲ့ ပန်းတနော်သူလေးကို သွားရောက်တွေ့ ဆုံခဲ့ပါတယ်။

မီးလောင်ဒဏ်ရာ ခံစားနေရတဲ့ ပန်းတနော်သူလေးက သူမဟာ ဇေရဲထက်ရဲ့ အမာခံပရိသတ်တစ်ဦး ဖြစ်သလို ဇေရဲထက်ကိုလည်း အပြင်မှာ အရမ်းတွေ့ချင်တယ်ဆိုတဲ့ ဗီဒီယိုလေးဟာ လူမှုကွန်ယက်မှာ များစွာပြန့်နှံ့ခဲ့ပါတယ်။ ဒီနေ့မှာတော့ သူမရဲ့ ဆန္ဒတွေပြည့်လာခဲ့ပါပြီ။ ဇေရဲထက်ကိုယ်တိုင် ခါနာနေတဲ့ကြားက သူမနေထိုင်ရာ ပန်းတနော်မြို့ကို သွားရောက်တွေ့ဆုံပြီး သူမအတွက်လိုအပ်မယ့် ငွေကြေး၊ အသုံးအဆောင် ပစ္စည်းတွေကို ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။
ဒီလိုသွားရောက်လှူဒါန်းတာနဲ့ ပတ်သက်လို့ ဝမ်းမြောက်ဂုဏ်ယူကြတဲ့ လူတွေလည်းရှိသလို ဝေဖန်နေကြသူတွေကိုလည်း ဇေရဲထက်က သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အခုလိုပဲပြောထားပါတယ်။

“ကျနော့်ခါးတွေကုန်းမရအောင်နာပေမယ့်ကျနော့်ကိုချစ်တဲ့လူတွေရှေ့ရောက်ရင်ကျနော်ဘာပဲဖြစ်ဖြစ်မေ့နေတော့တားခါးနာတာဘယ်ရောက်မှန်းမသိးးညကလည်းတညလုံးအိပ်မပျော်ရင်ခုန်လို့ ကျနော်အလှူအများကြီးလုပ်ဖူးတယ်။ရှင်အပါး၂၃ပါးကို ကိုယ့်ရဲ့ချွေးနဲစာနဲ့ ၂၀၁၅ က(၆၀)သိန်းတိတိ ကုန်ကျခံစေပြီးရဟန်းခံပေးခဲ့တယ်။ ရေဘေးကိုလည်း ၄၅သိန်းတိတိလှူဖူးသလို ရေတွင်းဆောက်မယ့် ကိစ္စကိုလည်း၁၀သိန်းမတည်ခဲ့ပေးတယ်(ကျနော့်မည်သည့်တစ်ဦးတစ်ယောက်ဆီကိုမှအလှူမခံခဲ့သလိုသတင်းမီဒီယာတွေလည်းမဖိတ်ကြားခဲ့ပါ။ ကျနော် အခုလိုပြောခြင်းဟာ ဖော်ကောင်လုပ်တာ မဟုတ်ပါဘူ။ ကျနော့်ကိုအလှူခံခြင်းနဲ့ပြောလို့ပါ။ အခုဒီညီမလေးကိုမိန်းကလေးအသုံးဆောင်လေးတွေ လိုချင်လို့ မျက်နာအောက်ကျခံပြီးလှူခံခဲ့တယ်။ အတင်းလိုက်လံတောင်းခံခြင်းမပြုပါ။ စေတနာ ထား သလောက်ကိုသာ လက်ခံထားပါတယ်။ တချို့ငွေပို့တာတောင်ကျနော်အိတ်စိုက်ပြီး လှူထည့်ပေးတာပါ လက်ရှိလက်ငင်းရငွေမှာ ၉၀၀၀၀ကျပ်တည်းသာဖြစ်ပါသည်။ ညီမလေးကကျနော့်ကိုတွေ့ချင်လို့ ညီမလေးတွေ့ခွင့်ရသလို ကျနော်လည်းညီမလေးကိုမုန့်ဖိုးပေးခွင့်ရသလို ညီမလေးကိုချစ်တဲ့ ကျနော့်ကို ချစ်တဲ့သူတွေက ညီမလေးကိုမုန့်ဖိုးပေးတော့ ညီမလေးအနေနဲ့မုန့်ဖိုးပိုရတာပေါ့။ ညီမလေးလည်းပျော် ကျနော်လည်းပျော် လှူပေးတဲ့လူတွေလည်း ကုသိုလ်ရ သုံးဦးသုံးဖက်လုံး အရမ်းပျော်စရာကောင်းတဲ့နေ့လေးဖြစ်သွားတာပေါ့” လို့ ဇေရဲထက်ကပြောပါတယ်။

Related