တရုတ်နှစ်သစ်ကူးမှာဆုတောင်းပေးခဲ့တဲ့တရုတ်မင်းသားလေး ပိုင်တံခွန်

လူငယ်မိန်းခလေးတွေရဲ့ ကြား ရေပန်းစားနေတဲ့ မော်ဒယ် ကိုကို ပိုင်တံခွန်က တရုတ်လူမျိူးဆိုတာ သိပြီးကြပြီလားဟင်။ တရုတ်ဝတ်စုံလေးနဲ့ အရမ်းမိမိုက်နေတဲ့ ကိုကိုပိုင်တံခွန်ကတော့ သူချစ်ရတဲ့ ပရိသတ်တွေ အတွက် နှစ်သစ်ကူးဆုတောင်းကို ခိန်ဟုတ် တရုတ်ဘုရားရှစ်ခိုးကျောင်းမှာ ဆုတောင်းပေးခဲ့ပါတယ်။
အနီရောင်ဝတ်စုံလေးကိုဝတ်ပြီး ဆံပင်ရှည်လေးကို တရုတ်သိုင်းကားတွေထဲက မင်းသားတွေလို စည်းထားတဲ့ ကိုကိုပိုင်ကတော့ တွေ့ရတဲ့ လူတိုင်းကို အသည်းယားစေတဲ့ အထိ အရမ်းကိုပဲချစ်ဖို့ကောင်းနေခဲ့ပါတယ်။
တရုတ်မင်းသားချောလေး ကိုကိုပိုင် ဆုတောင်းပေးတဲ့အတိုင်းကပဲ နှစ်သစ်မှာ အားလုံး ကျန်းမာ ချမ်းသာ ကြပါစေနော်။ တရုတ်လေးပိုင်တံခွန်လည်း ဒီထက် မက အောင်မြင်ပါစေနော်။
Channel X ရဲ့ ပရိသတ်တွေလည်း Happy China New Year ဖြစ်ပါစေနော်။

Related