မိုရီဆာကီဝင်း နဲ့ နီနီခင်ဇော်တို့က (၄.၂.၂၀၁၉) နေ့မှာ ကျင်းပပြုလုပ်မယ့် ဂျပန်-မြန်မာ ပွဲတော်မှာ “တို့နှစ်ယောက်ရဲ့တစ်နေ့” သီချင်းလေးကို စင်မြင့်ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။

“တို့နှစ်ယောက်ရဲ့တစ်နေ့” သီချင်းလေးဖြစ်လာအောင် မိုရီဆာကီဝင်းနဲ့ နီနီခင်ဇော်တို့က အတူတူပူးပေါင်းလုပ်ကိုင်ထားတဲ့ Project Video လေး ပေါ်ထွက်လာပါတယ်။ မိုရီဆာကီဝင်း က သံစဉ်ရှာပေးပြီး နီနီခင်ဇော်က စာသား ရေးစပ်ထားတာ ဖြစ်ပါတယ်။ ဂျပန် နဲ့ မြန်မာ ကြားက ချစ်ခြင်းမေတ္တာတရားကို ဖော်ကျူးပြီး ရေးရတာလို့ နီနီက ဆိုပါတယ်။ မိုရီဆာကီဝင်းအနေနဲ့လည်း ဒီသီချင်းကို မြန်မာဘာသာနဲ့ သီဆိုရတာ အခက်အခဲရှိတယ်လို့လည်းသိရပါတယ်။ ဒီ Project Video လေးမှာ သူတို့နှစ်ဦးလုံးက တစ်ယောက်အကြာင်းကိုတစ်ယောက် ပြန်လည်ဝေမျှ ထားသလို မိုရီဆာကီဝင်းရဲ့ ချစ်စရာ အမူအရာလေးတွေကိုလည်း တွေ့ရမှာ မို့လို့ Channel X ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Related