
မော်ဒယ်သရုပ်ဆောင် လုလုအောင်ကတော့ မနေ့ပြုလုပ်တဲ့ JOOX ပွဲမှာ အမိုက်စားဖက်ရှင်နဲ့ ပွဲတက်လာပါတယ်။
လုလုအောင် ကတော့ ၂၀၁၉ နှစ်စကတည်းက အမိုက်စားဖက်ရှင်တွေနဲ့ ပွဲတတ်လာတာကို တောက်လျှောက်တွေ့မြင်နေရပါတယ်။ သူမရဲ့ ဖက်ရှင်နဲ့ ပတ်သက်လို့လည်း ဝေဖန်မှုတွေများစွာ ရှိခဲ့ပါတယ်။ မနေ့ညက ပြုလုပ်တဲ့ “JOOX Presents Shake the World” ပွဲမှာဆိုရင်လည်း ရင်ဖိုလောက်တဲ့ အမိုက်စားဖက်ရှင်မျိုးနဲ့ ပွဲတက်လာတာတွေ့ရပါတယ်။ သူမကိုယ်တိုင်ကလည်း ဟောင်ကောင်ဂျက်မတော့မဟုတ်ဘူူး၊ တောင်ပေါ် ဂျက်မလို့လည်း ပြောထားပါသေးတယ်။ တောင်ပေါ်ဂျက်မ လုလုအောင်ရဲ့ ဖက်ရှင်က ဘယ်လောက်ထိ မိုက်နေမလဲဆိုတာကို Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။





