သရုပ်ဆောင်အေးဝတ်ရည်သောင်း ကသူပါဝင်သရုပ်ဆောင်ထားတဲ့ မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီး နဲ့ပတ်သက်ပြီးတော့ အကယ်ဒမီရင်ခုန်သံအကြောင်းကို ပြောပြလာပါတယ်။

အေးသောင်းပါဝင်သရုပ်ဆောင်ထားတဲ့ မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးဟာ ၂၀၁၈ ခုနှစ်ရဲ့ ပရိသတ် အကြည့်များဆုံး ဇာတ်ကားတစ်ကားဖြစ်နေပါတယ်။ ဇာတ်လမ်း ဇာတ်အိမ်နဲ့ သရုပ်ဆောင်ချက်တွေ ကောင်းလွန်းလို့ ပရိသတ်ရဲ့ အကယ်ဒမီတစ်ကြိုပေးခြင်း ခံနေရပါတယ်။
Simple, Free Image and File Hosting at MediaFire
မအေးသောင်းအနေနဲ့လည်း ဒီဇာတ်ကားဟာ သူမအနုပညာလောကကို ပြန်ဝင်လာလာချင်း ပထမဆုံးရိုက်ကူးဖြစ်တဲ့ ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ အခုလို အောင်မြင်မှုတွေ ရနေတဲ့ ဇာတ်ကားနဲ့ပတ်သက်လို့ မအေးသောင်းက သူမရဲ့ အကယ်ဒမီရင်ခုန်သံကိုလည်း Channel X Online TV ရဲ့မေးမြန်းမှုမှာ အခုလိုပဲ ပြောပါတယ်။
Simple, Free Image and File Hosting at MediaFire
“အကယ်ဒမီအတွက် ကြိုပြီးတော့ ခံစားတာထက် အစ်မက အဲ့ကားရုံတင်ခါနီး ကတည်းက ပိုပြီးတော့ရင်ခုန်တယ်။ ကိုယ့်ရဲ့ ပထမဆုံးကားလေးလည်းဖြစ်တယ်။ နောက်တစ်ခုကကျတော့ ရုံတင်တာလည်း ပထမဆုံးကား ဖြစ်တယ်ပေါ့နော် ပြန်ရိုက်ဖြစ်လည်း။ အဲ့တုန်းကပိုပြီးတော့ ရင်ခုန်တယ်။ စိတ်လှုပ်ရှားတယ်ပေါ့နော်။ အခုချိန်ထိတော့ အကယ်ဒမီပွဲမရောက်သေးတော့ စိတ်လှုပ်ရှားရင်ခုန်တာတော့ တအားကြီးတော့မရှိသေးပါဘူး။ ဒါပေမယ့်အဲ့နေ့ကျရင်တော့ ဘယ်လိုဖြစ်မလဲ ဆိုတာတော့ မသိသေးဘူးပေါ့နော်။ ပေးတယ်ဆိုရင်တော့ အတိုင်းအထက်အလွန် ဝမ်းသာပါတယ်။ မရဘူးဆိုရင်လည်း အစ်မထွေထွေထူးထူး ဝမ်းနည်းမှာတော့ မဟုတ်ပါဘူး ” လို့ မအေးသောင်းက ပြောပါတယ်။
အခုလက်ရှိမှာတော့ မအေးသောင်းဟာ ရင်ခွင်ရှင်းတမ်း ဇာတ်လမ်းတွဲကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။

Related