တေးသံရှင် အိမ့်ချစ်ကတော့ စင်ပေါ်မှာဖျော်ဖြေနေတဲ့အချိန်မှာ စင်အောက်ကနေ အငြိုးတကြီးနဲ့ အော်နေတဲ့သူ ဆိုရင် ပြန်လည်တုံ့ပြန်လိုက်တာပဲလို့ ပြောလာပါတယ်။

Simple, Free Image and File Hosting at MediaFire
အဆိုလောကမှာ အောင်မြင်မှုရရှိနေတဲ့ အိမ့်ချစ်ကတော့ ပွဲတွေမှာ သီချင်းဖျော်ဖြေတဲ့ အခါ မူးလို့အော်တဲ့ သူတွေလည်းရှိသလို၊ တချို့က တမင်သက်သက်ကို အငြိုးတကြီးနဲ့ အော်နေတဲ့သူတွေလည်းရှိပြီးတော့ အဲ့လိုလူတွေဆို သူမဘက်က ပြန်လည်တုံ့ပြန်လိုက်ပုံနဲ့ ပတ်သက်ပြီးတော့ Channel X Online TV ရဲ့ မေးမြန်းမှုမှာ အခုလိုပဲပြောပါတယ်။
Simple, Free Image and File Hosting at MediaFire
“တစ်ကွင်းလုံးက ကိုယ့်ကိုမောင်းထုတ်နေရင်တော့ တစ်မျိုးပေါ့။ အဲ့လိုမဟုတ်ဘဲနဲ့ တစ်ချို့ကကျတော့ မူးလို့ ဘာရယ်လို့မဟုတ်ဘူး။ အော်လိုက်မျိုးရှိတယ်။ ဆင်းတော့လို့ပဲအော်တာမျိုးပဲ ဖြစ်ဖြစ်။ မကြိုက်ဘူးလို့ အော်တာမျိုးပဲဖြစ်ဖြစ်။ ဒါကဘာမှ ဗွေယူစရာတစ်ခုတော့မဟုတ်ဘူး။ တစ်ချို့က ကျတော့ အိမ့်ချစ်ကြုံဖူးတယ်။ အောက်ကနေအငြိုးတကြီးနဲ့ကို အော်နေတာမျိုး ကြုံဖူးတယ်။ သူနဲ့ ကိုယ်နဲ့ Personally ဘာပြသနာဖြစ်ဖူးလည်း မသိဘူးပေါ့နော်။ အဲ့လိုမျိုးမှာ ကြုံဖူးလို့ဆိုရင်တော့ အိမ့်ချစ်က သည်းမခံဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူတစ်ယောက်တည်းနဲ့ ကျန်တဲ့သူတွေ အရမ်းအနှောင့်အယှက်ဖြစ်တယ်။ သီချင်းတစ်ပုဒ်ပြီးသွားတိုင်းမှာ သူ့အသံထွက်လာတာသည် ကိုယ်လည်းစိတ်အနှောင့်အယှက်ဖြစ်ရသလို သူ့ဘေးနားမှာ ကြည့်နေတဲ့ လူတွေလည်း စိတ်အနှာင့်အယှက် ဖြစ်ရတယ်။ အဲ့လိုလူမျိုးဆိုရင်တော့ အိမ့်ချစ်က စင်ပေါ်ကနေ ပြောစရာရှိတာ ပြောလိုက်တာပဲ။ တုံ့ပြန်လိုက်တာပဲ။ ကိုယ့်ကိုတော့ နားလည်တဲ့ ပရိသတ်ကတော့ နားမလည်ပဲ နေလိမ့်မယ်။ ဒါပေမယ့် လူဆိုတာ စိတ်နဲ့ပဲနေတာလေ။ အရာရာတိုင်းကို သည်းခံပြီးနေရအောင် အစ်မက ရဟန္တာမှ မဟုတ်တာ။ အစ်မကလူလေ။ သီချင်းဆိုနေတာလေ ဆိုတော့ သည်းခံသင့်တာ သည်းခံတယ်။ သည်းမခံသင့်တဲ့ အတိုင်းအတာတစ်ခု ရှိလာတော့ အဲ့လိုလူမျိုးကို တုံ့ပြန်ရတာပဲ ” လို့ အိမ့်ချစ်ကပြောပါတယ်။
Simple, Free Image and File Hosting at MediaFire
အိမ့်ချစ်တို့သားအဖသုံးယောက်လုံး ပါဝင်သီဆိုမယ့် “ခေတ်သုံးခေတ်ရဲ့ ချစ်သုံးချစ်” တေးစီးရီးလေးဟာ သြင်္ကန်အပြီးလောက်မှာ ထွက်လာဖို့ရှိတယ်လို့လည်း သိရပါတယ်။

Related