တေးသံရှင် ဝိုင်းလေးက မကြာခင်ထွက်ရှိတော့မယ့် “ဝိုင်း” တေးစီးရီးထဲက “နာရီ” သီချင်းသစ်လေးကို ပရိသတ်တွေကို အမြည်းအနေနဲ့ ပေးခဲ့ပါတယ်။

အိပ်မက်ဆုံရာ အဆိုပြိုင်ပွဲကနေ ပရိသတ်တွေရင်ထဲရောက်လာခဲ့တဲ့ တေးသံရှင် ဝိုင်းလေးဟာ သံစဉ်ချိုချိုမြူးမြူးလေးတွေ ဖန်တီးသီဆိုလေ့ရှိသူ ဖြစ်ပါတယ်။ အခုဆိုရင်လည်း ဝိုင်းလေးရဲ့ ဒုတိယ တစ်ကိုယ်တော် “ဝိုင်း” တေးစီးရီးမှာ ပါဝင်တဲ့ “နာရီ” သီချင်းသစ်လေးကို သူမရဲ့ ပရိသတ်တွေ အတွက် မနေ့ညက အမြည်းဗီဒီယိုလေးတင်လာခဲ့ပါတယ်။ အမြည်းဗီဒီယိုလေး တင်တင်ချင်းမှာကိုပဲ ကြည့်ရှုသူများစွာရှိခဲ့သလို ပရိသတ်တွေရဲ့ အားပေးမှုများစွာ ရှိနေတာကိုလည်း တွေ့ရပါတယ်။
ဒီသီချင်းလေးရဲ့ အဓိပ္ပါယ်ကတော့ “ကိုယ်ချစ်ရတဲ့သူနဲ့ တွေ့နေတဲ့အချိန်တွေဆိုရင် နာရီတွေကို ရပ်တန့်ထားချင်ပြီး အချိန်တွေ အကြာကြီးရှိချင်တယ်” ဆိုတဲ့ အကြောင်းလေးပါ။ ချစ်သူများနေ့ကလည်း နီးလာပြီဆိုတော့ ချစ်သူတွေအတွက် ခံစားနားဆင်လို့ ကောင်းမယ့် သီချင်းလေး လည်းဖြစ်ပါတယ်။ အမြည်းလေးတင်တာတောင် အားပေးမှုတွေများစွာရှိနေတဲ့ ဝိုင်းလေး ရဲ့ သီချင်းလေးကိုလည်း Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ဒီသီချင်းလေး နားဆင်ပြီး ချစ်တဲ့ ပရိသတ်ကြီးလည်း အချစ်တွေတိုးပါစေနော်။

Related