သရုပ်ဆောင် ခင်လှိုင်ကတော့ သူနေထိုင်တဲ့ အိမ်ရှေ့မှာ ရေအေးပေးစက် (Water Cooler) ချထားပြီး ရေကုသိုလ်ယူထားတာကို တွေ့ရပါတယ်။

Simple, Free Image and File Hosting at MediaFire
သရုပ်ဆောင် ခင်လှိုင်ဟာ သရုပ်ဆောင်တော်ရုံသာမက ကုသိုလ်ရေးနဲ့ ပတ်သက်လာရင် လက်မနှေးတတ်တဲ့ မွန်မြတ်တဲ့ စိတ်ထားရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း ရေကုသိုလ်အကျိုးဆောင်အသင်းရဲ့တာဝန်ရှိသူတစ်ဦးလည်း ဖြစ်သလို လွန်ခဲ့တဲ့ ဒီဇင်ဘာလ တုန်းကလည်း ချောက်မြို့၊ မန်ကျည်းတန်းကုန်း ကျေးရွာမှာ ရေကုသိုလ်အကျိုးဆောင်အသင်းက စက်ရေတွင်း၊ ရေစင်၊ ရေစက်၊ မီးစက် တွေကို သွားရောက် လှူဒါန်းထားတာပဲဖြစ်ပါတယ်။
Simple, Free Image and File Hosting at MediaFire
အခုဆိုရင်လည်း ရေကုသိုလ်တစ်ခုကို သူ့ရဲ့အိမ်ရှေ့မှာ ကုသိုလ် ယူထားတာဆိုတော့ အင်မတန်ကုသိုလ်ထူးတယ်လို့ မြင်မိပါတယ်။ သူလှူထားတာက သာမန်ရေအိုးစင်လေးနဲ့ မဟုတ်ဘဲ ရေအေးပေးစက်လေးထားတာဟာ ရေသောက်သုံးမယ့်လူတွေကို အေးအေးလေး သောက်စေချင်တဲ့ သူ့ရဲ့ မွန်မြတ်တဲ့ စိတ်ထားလေးပါ။
သရုပ်ဆောင်ခင်လှိုင်ရဲ့ အိမ်က သုဝဏ္ဏမှာဆိုတော့ Channel X ပရိသတ်ကြီးလည်း သုဝဏ္ဏကို ရောက်ခဲ့ မယ်ဆိုရင် ခင်လှိုင်လှူဒါန်းထားတဲ့ ရေအေးအေးလေးကို သောက်သုံးရင်း ကုသိုလ် ယူလိုက်ပါဦးလို့ ပြောပါရစေ။
Simple, Free Image and File Hosting at MediaFire
Simple, Free Image and File Hosting at MediaFire

Related