ပထမဦးဆုံး ရင်သွေးလေးကို လွယ်ထားတဲ့ အဆိုတော်စန္ဒီမြင့်လွင်ကတော့ မနေ့က သူမရဲ့ ရင်သွေးလေးဟာ ယောကျာ်းလေးလား၊ မိန်းကလေးလားဆိုတာကို Surprise လုပ်ခံလိုက်ရပါတယ်။

စန္ဒီမြင့်လွင် ကိုယ်တိုင်လိုချင်နေတဲ့ ရင်သွေးလေးက သမီးမိန်းကလေးဖြစ်ပြီးတော့ သူ့စိတ်ထဲမှာ ထင်နေတာက သားယောကျာ်းလေး ဖြစ်မယ်လို့ ပြောပါတယ်။ စန္ဒီမြင့်လွင်ကို မိသားစုတစ်ခုလုံးက ဒီအဖြေကို တစ်နေကုန်နှုတ်ပိတ်ပြီး မပြောဘဲထားတယ်လို့လည်း သိရပါတယ်။ တကယ်တမ်း Surprise လုပ်လိုက်ချိန်မှာတော့ ရင်သွေးလေးဟာ သူလိုချင်နေတဲ့ သမီးမိန်းကလေးပဲဖြစ်ပါတယ်။
လိုချင်နေတဲ့ သမီးမိန်းကလေးဖြစ်နေတာကြောင့် မေမေစန္ဒီမြင့်လွင် တစ်ယောက် ပျော်လွန်းလို့ ဝမ်းသာပီတိမျက်ရည်တွေ ကျခဲ့ရပါတယ်။ လိုချင်နေတဲ့ သမီးဦးလေးဖြစ်တာကြောင့် တကယ့်ကို ကံကောင်းလှတဲ့ မိခင်တစ်ဦးလည်း ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ရဲ့ အပျော်တွေကူးစက်သွားအောင် Channel X ပရိသတ်ကြီးအတွက် ဒီဗီဒီယိုလေးကို ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

Related